အမေရိကန်အစိုးရ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေး


30 October, 2020

အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးမှု ဘဏ္ဍာရေး ကော်ပိုရေးရှင်း (ဒီအက်ဖ်စီ) အမှုဆောင်အရာရှိချုပ် အက်ဒမ်ဘိုးလား ဦးဆောင်သော အမေရိကန်အစိုးရ စီးပွားရေး ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် အောက်တိုဘာ ၂၆-၂၇ တွင် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာနိုင်ငံကဆက်လက်ဖော်ဆောင်လျက်ရှိသော ဒီမိုကရေစီလုပ်ငန်းစဉ်နှင့် ကမ္ဘာ့စီးပွားရေး အခင်းအကျင်းအတွင်း အပြည့်အဝ ပူးပေါင်းပါဝင်ရေးအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုကို ပံ့ပိုးပေးမည့် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိးမှုအတွင်း ရင်းနှီးမြှုပ်နှံသွားမည့် အမေရိကန်ပြည်ထောင်စု၏ ရေရှည်ကတိကဝတ်နှင့်ပတ်သက်၍ အထူးအလေးပေးပြောကြားခဲ့ပါသည်။ 

ကိုယ်စားလှယ်အဖွဲ့သည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းတို့နှင့်နေပြည်တော်တွင်တွေ့ဆုံခဲ့ပါသည်။
ယင်းအပြင် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် အမေရိကန်ကုန်သည်ကြီးများအသင်းမှ စီးပွားရေး လုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံကာ မြန်မာနိုင်ငံအတွင်း စျေးကွက်လက်လှမ်းမီမှုတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာရေး နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ အဆိုပါကိုယ်စားလှယ်အဖွဲ့တွင် အမေရိကန်အစိုးရ၏ စီးပွားရေးအေဂျင်စီကြီး ငါးခုဖြစ်သော ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ အမေရိကန် ပို့ကုန်-သွင်းကုန်ဘဏ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ အကြီးတန်းတာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါလာခဲ့ကြပါသည်။

U.S. Embassy Rangoon

Local News Read 459 times