ဗဟိုဘဏ်များ တရုတ်ယွမ် အရန်ရန်ပုံငွေ ထားလိုမှု တိုးလာ


05 July, 2022

ဗဟိုဘဏ်များ တရုတ်ယွမ် အရန်ရန်ပုံငွေ ထားလိုမှု တိုးလာ

နိုင်ငံ၏ ကြီးထွားလာနေသော စီးပွားရေးနှင့် နိုင်ငံရေး ပါဝါသည် အမေရိကန် ဒေါ်လာ၏ ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှု လျော့ကျလာနေတဲ့အတွက် ဗဟိုဘဏ်များအနေဖြင့်  တရုတ်နိုင်ငံ၏ ယွမ်ငွေကို အရန်ငွေကြေးအဖြစ် ထိန်းထားရန် စိတ်အားထက်သန်နေကြပါတယ်။ 

UBS Asset Management မှ နှစ်စဉ် ပြုလုပ်တဲ့ အရန်ရန်ပုံငွေ မန်နေဂျာ စစ်တမ်း ထုတ်ပြန်ချက်အရ ဗဟိုဘဏ်များရဲ့ ၈၅% က တရုတ်ယွမ် ဝယ်ယူထားရှိခြင်း သို့မဟုတ် ဝယ်ယူရန် စဉ်းစားချင့်ချိန်ခြင်း ပြုကြကြောင်း သိရပါတယ်။ ယမန်နှစ်က ၈၁% ရှိခဲ့ပြီး ယခု ၄% တိုးလာခဲ့တာဖြစ်ပါတယ်။ 

ဗဟိုဘဏ်များမှ နိုင်ငံခြားသုံးငွေ မန်နေဂျာများက ပျမ်းမျှအားဖြင့် အရန်ရန်ပုံငွေမှာ ယွမ်ကို ၅.၈% ထားရှိကြပါတယ်။ ယမန်နှစ်က ၅.၇% ထားရှိခဲ့ကြပါတယ်။  ကမ္ဘာငွေကြေးစနစ်မှာ အမေရိကန်ရဲ့ ဩဇာအာဏာအောက်မှာ ရောက်ရှိနေတာ လျော့နည်းစေဖို့် အမေရိကန်ဒေါ်လာအစား အခြားနိုင်ငံသုံးငွေများဖြင့် အရန်ရန်ပုံငွေ ထားရှိကြတာမှာ ယွမ်ကို ထားရှိမှု ပိုများလာခဲ့တာ ဖြစ်ပါတယ်။ 

အကျပ်အတည်း အရေးပေါ်တဲ့ကာလမှာ  နိုင်ငံသုံးငွေကို အကာအကွယ်ပေးဖို့ နိုင်ငံခြားသုံးငွေ အရန်ရန်ပုံငွေကို ဗဟိုဘဏ်များက သုံးစွဲကြပါတယ်။ 

ထိပ်တန်းဗဟိုဘဏ် ၃၀ ခုကို UBS က ဧပြီလမှ ဇွန်လအထိ ကာလအတွင်း စစ်တမ်းကောက်ယူခဲ့ရာ ဗဟိုဘဏ်များရဲ့ အရန်ရန်ပုံငွေများမှာ အမေရိကန်ဒေါ်လာပါဝင်မှု ၆၃% ရှိကြောင်း တွေ့ရပါတယ်။ ယမန်နှစ်က ၆၉% ရှိခဲ့ပါတယ်။ 
 လက်တင်အမေရိကမှ ဗဟိုဘဏ်များက အမေရိကန်ဒေါ်လာ ပိုမိုထားရှိကြောင်း  UBS ရဲ့  စစ်တမ်းက ဆိုပါတယ်။


ကမ္ဘာ့ကြီးစိုးလွှမ်းမိုးမှုမှာ အ​မေရိကန်နှင့်​ ဆိုဗီယက် နှစ်ဦး​နှစ်ဖက် လွန်ဆွဲ​နေသောကမ္ဘာအဖြစ်မှ ဆိုဗီယက် ပြိုကွဲခဲ့ပြီးသည့်နောက် ယခုအခါ အမေရိကန်၊ ရုရှားအပြင် တရုတ်လည်း ပါလာတဲ့အတွက် UBS ရဲ့  စစ်တမ်း ဖြေဆိုကြသူများရဲ့ ၈၁% က တရုတ်ယွမ်ကို အရန်ရန်ပုံငွေမှာ ထားရှိတာ အကျိုးရှိမယ်လို့ ယူဆကြပါတယ်။ ၄၆% စီးပွားရေးကြမ်းတမ်းနေချိန်၊ ပထဝီနိုင်ငံရေး တင်းမာနေချိန်မှာ အမေရိကန်ဒေါ်လာကို အရန်ရန်ပုံငွေမှာ ထားရှိတာ အကျိုးရှိမယ်လို့ ယူဆကြပါတယ်။ 

UBS မှ လေ့လာဆန်းစစ်သူက တရုတ်ယွမ်ကို အရန်ရန်ပုံငွေအဖြစ် သတ်မှတ်ကြတာ မှန်တန်းဖြင့် ဆက်လက်မြင့်တက်နေတယ်လို့ စစ်တမ်းအစီရင်ခံစာမှာ ဆိုထားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့လုံးဆိုင်ရာ အရန်ရန်ပုံငွေမှာ ထိပ်ဆုံးနေရာမှာ ရှိနေတဲ့ အမေရိကန်ဒေါ်လာကို ပခုံးချင်းယှဉ်ပြီး စိန်ခေါ်နိုင်မယ့်အဆင့် ရောက်ဖို့ အများကြီး ဝေးနေဆဲဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။ 
#MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U

Source: UBS Annual Reserve Manager Survey 

 

 

 

 

Banking & Loan Read 3718 times