မြန်မာနိုင်ငံကို ယူကေအစိုးရမှ ကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီမည်


22 February, 2019

ယူကေအစိုးရသည် ၂၀၁၉ခုနှစ်တွင် မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၂၃ဝခန့် ကူညီသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ Dr. Gail Marzetti က UK နိုင်ငံတကာဖွံ့ဖြိုရေးဌာနမှ မီဒီယာများနျှင့် တွေ့ဆုံပွဲတွင် ပြောခဲ့ပါတယ်။

"လာမယ့်နှစ်တွေမှာ တိုးနိုင်မယ့် အခြေအနေလည်းရှိပါတယ်။ နှစ်အလိုက်ဆိုရင်လည်း တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၉အနေနဲ့ မှန်းထားတာက သန်း ၂၃၀ လောက်မှန်းထားပါတယ်။ ဒါက ယူကေအစိုးရတစ်ခုလုံးရဲ့ အထောက်အပံ့အနေနဲ့ဖြစ်ပါတယ်" ဟု Dr. Gail Marzetti က ပြောပါတယ်။

လူမှုဖွံ့ဖြိုးရေးအတွက် ကျန်မာရေးကဏ္ဍတွင် အဓိက ပံ့ပိုးကူညီသွားမည်ဖြစ်ပြီး ပညာရေး၊ အသက်မွေးကြောင်း နှင့် လူသားချင်းစာနာထောက်ထားမှုများတွင်လည်း ကူညီသွားမည်ဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ် စသောဒေသများသည် အထောက်အပံ့ရရှိမှု နည်းပါးနေပြီး စစ်တမ်းများအရ အဆင်းရဲဆုံးသူများသည် ယင်းဒေသများတွင် ရှိသောကြောင့် ဦးစားပေး ကူညီသွားရန်ရှိကြောင်း သိရပါတယ်။

 မြန်မာနိုင်ငံရှိ UK aid သည် စီမံအုပ်ချုပ်မှု၊ ငြိမ်းချမ်းရေးနှင့်  လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၊ ငတ်မွတ်မှုနှင့် ကြံ့ကြံာခံနိုင်စွမ်း စသောကဏ္ဍ ၄ခု ကို အဓိကထားဆောင်ရွက်နေကြောင်း သိရပါတယ်။  ကူညီထောက်ပံ့မှုများသည် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၇၅ရာခိုင်နှုန်း လွှမ်းခြုံမှုရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ DFID အကြီးအကဲ ကပြောပါတယ်။

 ပြီးခဲ့သည့်နှစ်က UK သည် စီးပွားရေးနှင့်လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အချိန်ကြာမြင့်စွာ ဖယ်ကျဉ်ခံထားရသော အကျိုးခံစားခွင့်မရှိသူများကို ဦးစားပေးလုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အသုံးပြုခဲ့ကြောင်း သိရပါတယ်။

Mizzima

Local News Read 436 times