ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၇ ခုနှစ် အင်းလုပ်ငန်းရာသီချိန်က ရေလုပ်သားအစုအဖွဲ့များသို့ လုပ်ကိုင်ခွင့်ချထားပေးခဲ့သည့်ကျပ်သိန်း ၄၀ အောက်အင်းများအား ဈေးနှုန်းပြောင်းလဲခြင်းမရှိဘဲ ပြန်လည်ချထားပေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ သိရသည်။
တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အင်းလုပ်ငန်းသဘောမှာ နှစ်စဉ် အင်းရာသီချိန်တွင် ပုံမှန် ၁၀ ရာခိုင်နှုန်း တိုးမြှင့်ရမည်ဖြစ်သော် လည် တိုးမြှင့်လိုက်ပါက ကျပ်သိန်း ၄၀ ကျော်ကာ လေလံအင်းအမျိုးအစား ဖြစ်သွားသောကြောင့် ရေလုပ်သားအစုအဖွဲ့မျ ားအနေဖြင့် လုပ်ကိုင်ခွင့်မဆုံးရှုံးရန် ယခင်နှစ်ဈေးနှုန်းများအတိုင်း ပြန်လည်ချထားပေးခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးထံမှ သိရသည်။
မနှစ်ကလိုပဲ ယခုနှစ်တွင်လည်း သိန်း ၄၀ နဲ့သိန်း ၄၀ ရဲ့အောက် တန်ဖိုးရှိတဲ့အင်းတွေကို မနှစ်ကလုပ်ခွင့်ရထားတဲ့ အစုအဖွဲ့တွေရှိကြောင်း၊ ထိုအင်းတွေကို ၎င်းတို့ပြန်လျှောက်ခိုင်းထားပြီး ၎င်းတို့ကိုပဲ ပြန်ချပေးမှာဖြစ်၍ ပြန်ချမပေးခင်အချိန်တွင်တော့ အစုအဖွဲ့တွေ ကျစ်ကျစ်လျစ်လျစ်နဲ့ခိုင်ခိုင်မာမာရှိရဲ့လားဆိုတာကိုတော့ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနနဲ့ သက်ဆိုင်ရာ မြို့နယ်စိစစ်ရေးအဖွဲ့တွေကနေပြီးတော့ စိစစ်ကြမည်ဖြစ်ပြီး ဈေးမတက်တဲ့အတွက် တိုင်းဒေသကြီးရဲ့ ထိုက်သင့်တဲ့ဝင်ငွေတော့ လျော့နည်းမှုရှိသော်လည်း ဒါဟာ အခြေခံလုပ်သားအစုအဖွဲ့တွေ၊ ရေလုပ်သားအစုအဖွဲ့တွေရဲ့ စီးပွားရေးအဆင်ပြေအောင် ပေးထားတာဖြစ်ကြောင်း၊ လာရောက်လျှောက်ထားတဲ့ အဖွဲ့တွေကလည်း သေသေချာချာစိစစ်နေကြောင်း ဧရာဝတီတိုင်းဒေသကြီး စိုက်ပျ ိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက ပြောကြားခဲ့ပါသည်။
Eleven