အလုပ်သမားများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် အလုပ်အကိုင် ဆုံးရှုံးရသည့်အချိန်တွင် အထောက်အကူပြုစေရန် အလုပ်လက်မဲ့အကျိုးခံစားခွင့်အာမခံစနစ်ကို အမြန်ဆုံးအကောင်ထည်ဖော်နိုင်ရေးအတွက် ဆောင်ရွက်နေကြောင်း လူမှုဖူလုံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းနုက Myanmar Labour News ကိုပြောပါတယ်။
"အလုပ်လက်မဲ့အာမခံစနစ်ကိုကို့နိုင်ငံနဲ့ ဘယ်လိုကိုက်ညီမလဲ။ထည့်ဝင်ကြေးတွေဘယ်လိုကောက်ခံမလဲ။အလုပ်လက်မဲ့နှုန်းထားတွေကို မြို့နယ်ရုံးတွေကနေစာရင်းဇယားတွေပြန်လည်ကောက်ခံနေတယ်။အမြန်ဆုံးဆောင်ရွက်နိုင်ဖို့လုပ်နေပါတယ်" လို့ ဒေါ်သန်းသန်းနုကပြောပါတယ်။
လူမှုဖူလုံရေးအာမခံစနစ်ခြောက်မျိုးကျင့်သုံးရန် ဥပဒေပြဋ္ဌာန်းထားသော်လည်း လက်ရှိအချိန်တွင် ကျန်းမာရေးနှင့်လူမှုရေး စောင့်ရှောက်မှုအာမခံစနစ်၊ အ လုပ်တွင်ထိခိုက်မှုအကျိုးခံစားခွင့်အာမခံစနစ်တို့ကိုသာ ကျင့်သုံး နိုင်သေးပြီး မိသားစုထောက် ပံ့မှုအာမခံစနစ်၊ အလုပ်လုပ်ကိုင် နိုင်စွမ်းမရှိမှု အကျိုးခံစားခွင့် (သက်ပြည့်အငြိမ်းစား အကျိုးခံ စားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်အာမခံစနစ်)၊ အလုပ် လက်မဲ့အကျိုးခံစားခွင့်အာမခံ စနစ်၊ အိမ်ရာစီမံကိန်း အာမခံ စနစ်တို့ကျင့်သုံးနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်။
"၂၀၁၂လူမှုဖူလုံရေးဥပဒေမှာကအလုပ်လက်မဲ့အာမခံစနစ်ပါတယ်။တရားဝင်လည်း ပြဋ္ဌာန်းထားတာနဲ့အညီအာမခံစနစ်တွေကိုအဆင့်ဆင့်အကောင်ထည်ဖော်နေပါတယ်။လတ်တလောမှာဆို Covid-19 လည်းဖြစ်သွားရော ဒီအာမခံစနစ်ကိုပေးချင်တော့ ထည့်ဝင်ကြေးကကောက်ထားတာမရှိဘူး။တကယ်တော့အာမခံစနစ်ဆိုတာ ထည့်ဝင်ကြေးကောက်ရမယ် ၊အကျိုးခံစားခွင့်ပေးရမယ်။
အဲ့ဒါကြောင့်မိုလို့လတ်တလောမှာတောင်ကျွန်မတို့ပေးနေတဲ့ ၄၀ရာခိုင်နှုန်းကမိသားစုထည့်ဝင်ကြေးအောက်ကနှီးနွယ်ပြိးပေးလိုက်တာ တကယ်တမ်းမိသားစုအာမခံစနစ်ကလည်းမကောက်ထားဘူး။အလုပ်သမားတွေအနေနဲ့အလုပ်လက်မဲ့ဖြစ်ချိန် ဒီဖူလုံရေးစနစ်အာမခံရှိရင်ပိုအဆင်ပြေတာပေါ့"လို့ ဒေါ်သန်းသန်းနုကပြောပါတယ်။
အလုပ် လက်မဲ့အာမခံစနစ်ကျင့်သုံးနိုင် ရေးအတွက် အီးယူမှမြန်မာနိုင်ငံသို့ပံပိုးပေးမည်ဖြစ်ကြောင်းကိုသဘောတူညီမှုရရှိထားပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမား ရေးရာအဖွဲ့ (ILO) မှ ပညာရှင်များမှလည်း ခေတ်နှင့်အညီလိုအပ်သည့်အချက်များကို ပြင်ဆင်ထည့်သွင်းစီစဉ်ဆောင်ရွက်နေကြကြောင်းသိရပါတယ်။
MyanmarLabourNews