မွန်ပြည်နယ်ရှိ ဈေးသုံးခု အဆင့်မြှင့်တင်ရန် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်များကို တင်ဒါအဆိုပြု လွှာခေါ်ထားပြီး တင်ဒါပိတ်ရက်အထိ လုပ်ငန်းရှင်များမရှိပါက ဈေးအဆင့်မြှင့်တင်မည့် စီမံကိန်း ရပ်ဆိုင်းမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်ကပြောသည်။
အဆိုပါ ဈေးသုံးခုသည် မော်လမြိုင်မြို့ ထားဝယ်စုဈေး၊ သထုံမြို့မြို့မဈေးနှင့် မုဒုံမြို့မြို့မဈေး တို့ကို အဆင့်မြှင့်တင်ရန် ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် ခြင်းကို စိတ်ဝင်စားသူများသည် စက်တင်ဘာ ၂၁ ရက် နောက်ဆုံးထားတင်သွင်းရမည်ဖြစ်သော်လည်း အဆိုပြုလွှာတင်သွင်းသူမရှိသဖြင့် နိုဝင်ဘာ ၂၀ ရက် အထိ တိုးမြှင့်သတ်မှတ်ထားကြောင်း ၎င်းက ဆိုသည်။
‘‘ဈေးသုံးခုလုံးအတွက် လျှောက်လွှာဝယ်တဲ့သူက ခုနစ်ဦး လောက်ရှိတယ်။ ပထမအကြိမ် ခေါ်တုန်းက လာတင်တဲ့သူမရှိလို့ အချိန်နှစ်လ တိုးလိုက်တယ်။ အခုအချိန်ထိ တစ်ယောက်မှ မရှိ သေးဘူး။ နောက်ဆုံးသတ်မှတ် ရက်မှာလာတင်တဲ့သူ မရှိရင် တော့ ဒီဈေးတွေကို အဆင့်မြှင့် တင်ဖို့ ရပ်ဆိုင်းသွားမယ်။ အစိုးရ မှာကဘတ်ဂျက်မရှိလို့ပါ။ လုပ် ငန်းရှင်တစ်ယောက်က ဈေးသုံး ခုလုံးကို လုပ်ရမယ်လို့မဆိုလိုဘူး။ ကိုယ်စိတ်ဝင်စားတဲ့ ဈေးကိုအ ဆိုပြုလွှာ တင်သွင်းလို့ရတယ်’’ ဟု ဦးမင်းကျော်လွင်က ပြောသည်။မော်လမြိုင်ဈေးသည် အစိုး ရဈေးဖြစ်သဖြင့် အဆင့်မြှင့်တင် မည့်ကိစ္စ ကန့်ကွက်မည့်သူမရှိ ကြောင်း၊ မုဒုံဈေးအဆင့်မြှင့်တင်မည့်ကိစ္စတွင် ဈေးသူဈေးသား၇၀ ရာခိုင်နှုန်းက လိုလားကြောင်းနှင့် သထုံမြို့မဈေးသည် ကန့်ကွက်မှု များရှိနေကြောင်း ၎င်းကဆိုသည်။
သထုံမြို့မဈေးသည် မြေ ၄ ဒသမ ၂၆၈ ဧက ကျယ် ဝန်းပြီးဆိုင်ခန်း ၁,၁၄၁ ခန်းရှိ ကြောင်း၊ မော်လမြိုင်မြို့ထားဝယ် စုဈေးနှင့် မုဒုံဈေးအကျယ်အဝန်း သည် ၎င်းတွင်စာရင်းအတိအကျ မရှိကြောင်း ဦးမင်းကျော်လွင်က ဆိုသည်။
7 day