အမေရိကန် ရေနံစိမ်း အာရှသို့ တင်ပို့မှု စံချိန်တင် မြင့်မား


07 November, 2022

အမေရိကန် ရေနံစိမ်း အာရှသို့ တင်ပို့မှု စံချိန်တင် မြင့်မား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အာရှသို့ အမေရိကန် ရေနံစိမ်း တင်ပို့မှုသည် ယခုလတွင် တစ်ရက်လျှင် စည်ပေါင်း ၁.၈ သန်း စံချိန်တင် ရောက်ရှိမည် ဖြစ်ကြောင်း Kpler ၏ ရေကြောင်းပို့ဆောင်မှုဒေတာများတွင် ဖော်ပြထားသည်။

စျေးပေါသော ရုရှား‌ရေနံများကို လအတော်ကြာ ဝယ်ယူပြီးနောက် တရုတ်၊ အိန္ဒိယနှင့် တောင်ကိုရီးယားရှိ ရေနံချက်လုပ်သန့်စင်သော စက်ရုံများသည် အမေရိကန် ရေနံစိမ်း ဝယ်သူများအဖြစ်သို့ ပြန်လည်ရောက်ရှိလာကြသည်။

အာရှ၏ အမေရိကန်ရေနံ တစ်ဖန်ပြန်လည်ဝယ်ယူခြင်းသည် ဒီဇယ်ဆီ ထုတ်လုပ်ရန် ရေနံစိမ်းဝယ်လိုအား မြင့်တက်လာသည်ကို ထင်ဟပ်ပြသ‌နေသည်။
 
အကြမ်းအားဖြင့် အမေရိကန်ရေနံစိမ်း တင်ပို့မှုသည် ယခင်အပတ်က တစ်ရက်လျှင် စည်ပေါင်း  barrels per day (bpd) ၅.၁ သန်း စံချိန်တင်ခဲ့သည်။ 
အမေရိကန်ရေနံ ဈေးနှုန်းသည် ကမ္ဘာ့ပေါက်ဈေး Brent ထက် စက်တင်ဘာလဆန်းတွင် တစ်စည်လျှင် $6  နီးပါးသက်သာခဲ့သည်။ ယခုလတွင် တစ်စည်လျှင် $9 နီးပါးသက်သာနေသည်ကြောင့်လည်း ဝယ်လိုအား တက်လာသည်။ 
Refinitiv မှ ထုတ်ပြန်သော အချက်အလက်များအရ တောင်ကိုရီးယားသည် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၆၁၉,၀၀၀  စံချိန်တင် တင်သွင်းရန် စီစဉ်ထားကြောင်း  သိရသည်။အမေရိကန်ရေနံစိမ်းကို တစ်လတာအတွင်း အများဆုံး တင်သွင်းသည့် အာရှနိုင်ငံ ဖြစ်လာမည်။

အိန္ဒိယ၏ ဝယ်လိုအားသည် မတ်လနောက်ပိုင်း အမြင့်ဆုံးဖြစ်မည်ဟု ခန့်မှန်းထားသည်။

တရုတ်က အနည်းဆုံးbpd ၄၅၀,၀၀၀ ဝယ်ယူလိမ့်မည်။ ၂၀၂၀ ဒီဇင်ဘာလနောက်ပိုင်း အများဆုံး စံချိန်ဖြစ်သည်။

ကပ်ရောဂါဖြစ်ပွားစဉ် ထုတ်လုပ်မှု လျော့ကျနေခဲ့ပြီးနောက် ယခုအခါ ထုတ်လုပ်သူများက ထုတ်လုပ်မှုကို မြှင့်တင်ပေးသောကြောင့် အမေရိကန်၏ ရေနံထုတ်လုပ်မှုသည် ဩဂုတ်လတွင် bpd ၁၁.၉၈ သန်း  ရှိခဲ့ကြောင့် လစဉ် တရားဝင်ထုတ်ပြန်ပေးသည့် ကိန်းဂဏန်းများတွင် ဖော်ပြထားသည်။

အမေရိကန်ရေနံကို အာရှသို့ သယ်ယူမှု များပြားလာသဖြင့် ရေနံတင်သင်္ဘော ငှားရမ်းခများ ၄၀% မြင့်တက်သွားသည်။
"သယ်ယူစရိတ်များ မြင့်တက်လာသော်လည်း အမေရိကန်ရေနံက အာရှဝယ်လက်များအတွက် တွက်ခြေကိုက်နေဆဲ ဖြစ်ပါတယ်" ဟု ကုန်သည်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 338 times