အမေရိကန်ပြည်ဝင်ခွင့်ဗီဇာလျှောက်သူများ စာရွက်စာတမ်း ကြိုပို့ရန်မလို


29 October, 2018

အမေရိကန်ပြည်ထောင်စုသို့သွားမည့် မြန်မာနိုင်ငံသားများအနေနှင့် ပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာတွင် လိုအပ်သည့် စာရွက်စာတမ်းများကို လူတွေ့အင်တာဗျူးမဖြေမီ သံရုံးသို့ ကြိုပို့ရန်မလိုတော့ဘဲ လူတွေ့အင်တာဗျူးဖြေချိန်မှသာ တစ်ပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။

ထို့ကြောင့် စာရွက်စာတမ်းများ ကြိုတင်ပေးပို့ရသည့် အမေရိကန်သံရုံးရှေ့ရှိ ကောင်စစ်ဝန်ဌာန စာတိုက်ပုံးကို လာမည့်နိုဝင်ဘာလ ၅ ရက်တွင် စတင်ပိတ်သိမ်းမည်ဖြစ်ကြောင်း ရန်ကုန်အခြေစိုက်မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးထံမှ သိရသည်။

ဗီဇာလျှောက်ထားသူများအနေနှင့် သံရုံးသို့ လူတွေ့အင်တာဗျူးဖြေရန်နှင့် ဗီဇာထုတ်ရန် နှစ်ကြိမ်သာသွားရတော့မည်ဖြစ်ကာ အမေရိကန်နိုင်ငံသားဝန်ဆောင်မှု၊ အခြေမစိုက်ဗီဇာနှင့် အခြေစိုက် ဗီဇာလျှောက်ထားခြင်းများအတွက် ကြိုတင်ရက်ချိန်းယူရမည်ဖြစ်သည်။ ဗီဇာလျှောက်ထားမှုလုပ်ငန်းစဉ်များကို https://mm.usembassy.gov/visas/ တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

the voice myanmar

Local News Read 562 times