အိုပက် (OPEC) အုပ်စု အဖွဲ့ဝင်နိုင်ငံတွေ ဦးဆောင်ပြီး ရေနံထုတ်လုပ်မှု ဝိုင်းဝန်းလျှော့ချနေခြင်းနဲ့အတူ ဖေဖော်ဝါရီ ၁၉ ရက်မှာတော့ အမေရိကန်ရေနံဈေးဟာ သုံးလတာအတွင်း အမြင့်ဆုံးနှုန်းထားထိ တက်လာခဲ့တယ်လို့ သိရပါတယ်။
အမေရိကန် WTI ရေနံဈေးတွေကတော့ ယင်းနေ့ကတစ်စည်ကို ၅၅ ဒသမ ၉၅ ဒေါ်လာ တွင်ရှိနေပြီး ၀ ဒသမ ၇ ရာခိုင်နှုန်း တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်က တစ်စည်ကို ၅၆ဒသမ ၃၃ ဒေါ်လာ ဈေးပေါက်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံးဈေးနှုန်းလည်း ဖြစ်ပါတယ်။
နိုင်ငံတကာ Brent ရေနံဈေးနှုန်းကတော့ ယနေ့ ကုန်သွယ်မှုပေါက်ဈေး မထွက်လာသေးဘဲ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁၈ ရက်မှာ ၀ ဒသမ ၄ ရာခိုင်နှုန်း တက်ထားခဲ့ ကြောင်းလည်း သိရပါတယ်။
"လက်ရှိမှာတော့ ရေနံဈေးတွေကို တည်ငြိမ်စေဖို့အတွက် အိုပက်နဲ့ ယင်းရဲ့အဓိက မဟာမိတ်တွေ အနေနဲ့ ထုတ်လုပ်မှုကန့်သတ်ပြီး အကောင်းဆုံး လုပ်ဆောင် နိုင်နေကြလျက် ရှိပါတယ်" ဆိုပြီး OANDA က အကြီးတန်း ဈေးကွက်သုတေသီ Alfonso Esparza က ပြောသွားပါတယ်။
A9 Business