အမေရိကန်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို လေနှင့် နေရောင်ခြည်စွမ်းအင်များမှ ဖြည့်ဆည်းပေးနိုင်


05 March, 2018

MyOpenAds လွန်ခဲသည့်နှစ်အနည်းငယ်ကမူ ယင်းပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရင်းမြစ်များသည် အမေရိကန်၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက် ၂၀-၃၀ ရာခိုင်နှုန်းခန့်သာ ပံ့ပိုးပေးနိုင်မည်ဟု ယူဆခဲ့ကြောင်း Energy and Environmental Science ဂျာနယ်တွင် ဖော်ပြသည့် လေ့လာမှုတစ်ခုအရ သိရပါသည်။

လတ်တလောတွင် အမေရိကန်သည် ၎င်း၏လျှပ်စစ်ဓာတ်အား သုံးပုံနှစ်ပုံခန့်ကို ရုပ်ကြွင်းလောင်စာများ၊ သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေးနှင့် ရေနံတို့မှ ရရှိခဲ့ပါသည်။

ယင်းတို့သည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှင့်မှုကြောင့် ကမ္ဘာကြီးပူနွေးမှုဖြစ်စေရန် ပံ့ပိုးပေးခဲ့ပါသည်။ အမေရိကန်၏ လျှပ်စစ်ဓာတ်အား ငါးပုံတစ်ပုံကို နျူကလီးယားစွမ်းအင်မှ ရရှိခဲ့ပြီး နောက်ထပ် ၁၅ ရာခိုင်နှုန်းကို ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ရရှိခဲ့ပါသည်။

လေစွမ်းအင်မှ လျှပ်စစ်ဓာတ်အား ခုနစ်ရာခိုင်နှုန်း ရရှိခဲ့ပြီး နေရောင်ခြည်စွမ်းအင်မှ တစ်ရာခိုင်နှုန်းသာ ရရှိခဲ့ပါသည်။

ရေအားလျှပ်စစ်နှင့် အခြားရင်းမြစ်များကို သန့်စင်စွမ်းအင်ရင်းမြစ်များနှင့် တူညီသည်ဟု ထည့်တွက်ထားကြောင်း အမေရိကန်စွမ်းအင်သတင်းအချက်အလက် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

လေနှင့် နေရောင်ခြည်စွမ်းအင်သည် နှစ်များစွာမတိုင်မီ မည်မျှအထောက်အပံ့ဖြစ်ခဲ့သည်ကို သိရှိရန် ကယ်လီဖိုးနီးယားတက္ကသိုလ်မှ California Institute of Technology and the Carnegie Institute for Science ရှိ သုတေသနပညာရှင်များက ၁၉၈၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်၏ ရာသီဥတုဆိုင်ရာ အချက်အလက်ကို ပြန်လည်လေ့လာသုံးသပ်ခဲ့ပါသည်။

ကုန်းမြေထုပမာဏအလိုက် ထုတ်လွှင့်မှုကွန်ရက် ဒါမှမဟုတ် ၁၂ နာရီ သိုလှောင်နိုင်တဲ့ အဆောက်အအုံတွေ ဆောက်လုပ်ပြီး ဒီအရင်းမြစ်တွေကနေလိုအပ်တဲ့လျှပ်စစ်ဓာတ်အား ၈၀ ရာခိုင်နှုန်းခန့်ကို ရရှိနိုင်မယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြောင်း သိရပါသည်။

အမေရိကန်၏ ထုတ်လွှင့်မှုနှင့် သိုလှောင်မှုချဲ့ထွင်ခြင်းသည် အလွန်အရေးပါသည့် လိုအပ်ချက်ဖြစ်သော်လည်း ရင်းနှီးမြှုပ်နှံမှုကို ခန့်မှန်း၍မရနိုင်ဟု သုတေသနပညာရှင်များက ပြောကြားခဲ့ပါသည်။

ဥပမာအားဖြင့် ထုတ်လွှင့်သည့်လိုင်း အသစ်များအတွက် ဒေါ်လာ ဘီလျံရာကျော် ကုန်ကျနိုင်မည်ဖြစ်သည်။

ယနေ့ခေတ် ဈေးအသက်သာဆုံး ဘက်ထရီများနှင့်လျှပ်စစ်ဓာတ်အားများကို သိုလှောင်ပါက ဒေါ်လာ တစ်ထရီလျံကျော် ကုန်ကျဖွယ်ရှိသည်ဟု လေ့လာမှုတွင်ဖော်ပြထားပါသည်။

တရုတ်ပြီးလျှင် ကမ္ဘာတွင် လေထုညစ်ညမ်းမှု ဒုတိယအကြီးဆုံးဖြစ်သည့် အမေရိကန်သည် အနာဂတ်တွင် ကာဗွန် ထုတ်လွှတ်မှု လျော့နည်းသည့်စွမ်းအင်ရင်းမြစ်များဖြစ်သည့် နေရောင်ခြည်နှင့်လေစွမ်းအင်ဖြင့် လိုအပ်ချက်များကို ဖြည့်ဆည်းရန် စဉ်းစားသင့်သည်ဟု ယင်းလေ့လာမှုတွင် ဖော်ပြထားပါသည်။

Global News Read 650 times