အခြားနိုင်ငံမှ အသုံးပြုပြီး စက်ဘီးများကို ယခုနှစ်အတွက် တင်သွင်းခွင့်ပြု


05 February, 2021

ဈေးနှုန်းသက်သာပြီး အရည်အသွေး သင့်တင့် ကောင်းမွန်တဲ့ ပြည်ပစက်ဘီးဟောင်းတွေကို လူအများ စီးနင်းနိုင်ဖို့အတွက် အခြားနိုင်ငံမှ အသုံးပြုပြီး စက်ဘီးများ ( Used Bicycle ) ကို ၂၀၁၉ ခုနှစ်အတွက် ဆက်လက် တင်သွင်းခွင့် ပြုလိုက်ပြီ ဖြစ်ပါတယ်။

အဓိကအားဖြင့် မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အခြေခံလူလတ်တန်းစားတွေအတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန လက်အောက်မှာရှိတဲ့ ကုန်သွယ်ရေး ဦးစီးဌာနက ယခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့က ခွင့်ပြုခဲ့ခြင်း ဖြစ်ပါတယ်။

အသုံးပြုပြီး စက်ဘီးများ တင်သွင်းရာတွင် ပြည်တွင်းမှာ အသုံးပြု၍ မရသော စက်ဘီးပစ္စည်းများကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရေးအတွက် “ စက်ဘီးအဂါၤရပ်နဲ့ ပြည့်စုံတဲ့ အသင့်အသုံးပြုနိုင်တဲ့ စက်ဘီး “ တွေကိုသာ တင်သွင်းခွင့် ရရှိမှာ ဖြစ်ပါတယ်။


အသုံးပြုပြီး စက်ဘီးများကို ၂၀၁၃ ခုနှစ်ကတည်းက စတင် တင်သွင်းခွင့်ပြုခဲ့ပြီး ယခု ၂၀၁၉ ခုနှစ် အပါအဝင် စုစုပေါင်း ( ၇ ) နှစ် ဆက်တိုက် တင်သွင်းခွင့်ပြုလာခဲ့တာ ဖြစ်ပါတယ်။ 

အဆိုပါ အသုံးပြုပြီး စက်ဘီးများ ( Used Bicycle ) တင်သွင်းခွင့် ပြုခြင်းကို မြန်မာနိုင်ငံရဲ့ ပြည်တွင်း စက်ဘီးဟောင်း လိုအပ်ချက်ပေါ် မူတည်ပြီး နှစ်စဉ် ပြန်လည် သုံးသပ်ပြီး ထုတ်ပြန်လျက် ရှိပါတယ်။

 

Ministry of Commerce

Su Mon Oo

Myanmar Industry Guide

Export, Import Read 661 times