ဗီယက်နမ်- အမေရိကန် ကုန်သွယ်ရေး ၂၀၂၁ မှာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖြင့် စံချိန်သစ်တင်


06 February, 2022

ဗီယက်နမ်- အမေရိကန် ကုန်သွယ်ရေး ၂၀၂၁ မှာ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖြင့် စံချိန်သစ်တင်

အာဆီယံနိုင်ငံတစ်ခု ဖြစ်တဲ့ ဗီယက်နမ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ကုန်သွယ်မှု ပမာဏ မိုင်တိုင်တစ်ခု စိုက်ထူလိုက်ပါတယ်။ ၂၀၂၁ အတွင်း နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၁၁.၅၆ ဘီလျံသို့ ရောက်ရှိခဲ့ကြောင်း ဗီယက်နမ် အကောက်ခွန်ဦးစီးဌာနရဲ့အချက်အလက်များအရ သိရပါတယ်။ နှစ်နိုင်ငံအကြား ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၀၀ ဘီလျံ  မိုင်တိုင်ကို ကျော်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံက ဗီယက်နမ်အဖို့ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက် ဖြစ်ပါတယ်။ ပထမအကြီးဆုံး ကုန်သွယ်ဘက်က တရုတ်နိုင်ငံဖြစ်ပါတယ်။

၂၀၂၁ မှာ ဗီယက်နမ် ပြည်ပပို့ကုန် စုစုပေါင်း တန်ဖိုးရဲ့ ၂၈.၆% ကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခဲ့ပါတယ်။ 

ဗီယက်နမ် မှ အမေရိကန်သို့ စက်ပစ္စည်း ကိရိယာနှင့် အစိတ်အပိုင်းများ၊ ချုပ်ထည်များ၊ ကွန်ပျူတာ အီလက်ထရွန်းနစ်နှင့် အစိတ်အပိုင်းများ၊ ဖိနပ်များ၊ သစ်သားထည်များ၊ လက်ကိုင်ဖုန်းနှင့် အစိတ်အပိုင်းများကို အဓိကအားဖြင့် တင်ပို့ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံမှ ဗီယက်နမ်သို့  ကွန်ပျူတာ အီလက်ထရွန်းနစ်နှင့် အစိတ်အပိုင်းများ၊ စက်ပစ္စည်း ကိရိယာနှင့် အစိတ်အပိုင်းများ ကို အဓိကအားဖြင့် တင်ပို့ခဲ့ပါတယ်။ 

Export, Import Read 394 times