Exxon ၏ဒေါ်လာ ၅ ဘီလီယံတန် LNG-To-Power စီမံကိန်း ဗီယက်နမ် သဘောတူ


05 October, 2020

မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအချို့တို့တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့အတွက် သဘာဝ ဓာတ်ငွေ့ရည်ကို သုံးစွဲလာကြတာမှာ ဗီယက်နမ်နိုင်ငံလည်း ပါဝင်သည်။ ယခုအခါ ဗီယက်နမ်နိုင်ငံရှိ ဆိပ်ကမ်းမြို့ဖြစ်သော  Hai Phong သည် LNG-To-Power စီမံကိန်းကို အကောင်အထည်ဖော်ရန် ရေးဆွဲခဲ့ပြီး စွမ်းအင် ထုတ်လုပ်ရေးအတွက် ဓာတ်အားစက်ရုံကို တည်ဆောက်လုပ်ကိုင်ရန်အတွက် အမေရိကန်ပြည်ထောင်စုမှ ExxonMobil ကို ကန်ထရိုက် အပ်နှင်းကြောင်း ထုတ်ပြန်ကြေညာသည်။ စီမံကိန်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅.၀၉ ဘီလီယံကုန်ကျမည် ဖြစ်သည်။

Hai Phong မြို့ရှိ ပြည်သူ့ကော်မတီက ၂၀၂၆ သို့မဟုတ် ၂၀၂၇ တွင် လျှပ်စစ်ဓာတ်အား စတင်ထုတ်လုပ်ရန် ရည်မှန်းထားသည့် စီမံကိန်းအား အတည်ပြုခဲ့သည် ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် စွမ်းအားပြည့် လည်ပတ်သောအခါ ၂.၂၅ gigawatts (GW) စွမ်းရည်ရှိမည်ဟု မျှော်မှန်းထားသည်။ ၂၀၂၉-၂၀၃၀ ပြည့်နှစ်တွင် စွမ်းရည် ၄.၅ GW သို့ နှစ်ဆတိုးသွားမည်ဟု ဆိုသည်။

Exxon က ဗီယက်နမ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သည့် စက်ရုံစီမံကိန်းများ ရင်းနှီးမြှုပ်နှံရန် လေ့လာစူးစမ်းမှုမျာ ပြုခဲ့သည်။ Hai Phong တွင် 4-GW LNG-to-powe စက်ရုံတစ်ခု တည်ဆောက်မည် ဖြစ်ပြီဂ ၂၀၁၅ နှင့် ၂၀-၃၀ ခုနှစ်အကြားတွင် ဓာတ်အား စတင်ထုတ်လုပ်မည် ဖြစ်သည်။ မဲခေါင် မြစ်ဝကျွန်းပေါ်တွင် သဘာဝဓာတ်ငွေ့သုံး 3-GW စက်ရုံတစ်ခု တည်ဆောက်မည် ဖြစ်သည်။

 

Myanmar Industry Guide

Source oilprice.com

Local News Read 869 times