လက်လီအရောင်းလုပ်ငန်းစုကြီးများအတွက် အရေးပါတဲ့ ဗီယက်နမ်ဈေးကွက်


09 January, 2022

လက်လီအရောင်းလုပ်ငန်းစုကြီးများအတွက် အရေးပါတဲ့ ဗီယက်နမ်ဈေးကွက်


ဂျပန်မှ လက်လီအရောင်း မဟာလုပ်ငန်းကြီး AEON အပါအဝင် ဂျပန်နိုင်ငံမှ လက်လီလုပ်ငန်းစုများရဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို Nikkei Asia က လေ့လာတင်ပြခဲ့တာမှာ ဗီယက်နမ်ဈေးကွက်ထဲမှာ ဂျပန်လက်လီအရောင်း လုပ်ငန်းများ လုပ်ငန်းတိုးချဲ့ဖို့ စီစဉ်ဆောင်ရွက်နေကြတယ်လို့ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှု အတားအဆီးနည်းပါးခြင်း နှစ်ခုပေါင်းစုံနေတာဟာ ဗီယက်နမ်စားသုံးသူတွေကို ပိုမိုလက်လှမ်းမီဖို့ အခွင့်သာနေစေတယ်လို့ AEON က ရှုမြင်ပါတယ်။

AEON က ဗီယက်နမ်မှာ MaxValu အမည်ဖြင့် စူပါမားကက် ခုရေ ၁၀၀ နဲ့အထက် ၂၀၂၅ မတိုင်ခင်  ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။
ယခုအခါ ဟနွိုင်းမြို့မှာ ၄ ခု ဖွင့်လှစ်ထားပြီးပြီ ဖြစ်ပါတယ်။

AEON က ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ ဗီယက်နမ်ပြည်တွင်း စူပါမားကက် Masan Group နဲ့ ထိုင်းစူပါမားကက်လုပ်ငန်း Central Groupတို့ရဲ့ စူပါမားကက်တွေကို အမီလိုက်ရမှာ ဖြစ်ပါတယ်။
Central Group က ဗီယက်နမ်မှာ စူပါမားကက် ခုရေ ၂၃၀ ဖွင့်လှစ်ထားပါတယ်။

Sumitomo Corp က ဂျပန်စတိုင်လ် စူပါမားကက် FujiMart တွေကို ဗီယက်နမ်မှာ ဖွင့်လှစ်ဖို့ အစီအစဉ် ရှိပါတယ်။ ဗီယက်နမ်မှ ကုမ္ပဏီစုကြီး BRG Group နဲ့ အတူ လက်တွဲ လုပ်ကိုင်ပါတယ်။ ဟနွိုင်မြို့မှာ FujiMart သုံးနေရာမှာ ဖွင့်လှစ်ထားပါတယ်။
AEON မှ အရှေ့တောင်အာရှဒေသ တာဝန်ခံ Soichi Okazaki က " ကျွန်တော်တို့ရဲ့ ပင်လယ်ရပ်ခြား မဟာဗျူဟာအတွက် ဗီယက်နမ်က အရေးအကြီးဆုံးဈေးကွက် ဖြစ်ပါတယ်" လို့ ပြောကြားပါတယ်။


ဗီယက်နမ်က  Comprehensive and Progressive Agreement for Trans-Pacific Partnership ကုန်သွယ်ရေး သဘောတူညီချက်မှာ အဖွဲ့ဝင်နိုင်ငံဖြစ်တာကြောင့် ပြည်ပ လက်လီအရောင်း လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံကြတာကို အတားအဆီး တံခါးဖွင့်ပေးထားရမှာ ဖြစ်ပါတယ်။

Global News Read 387 times