ဗီယက်နမ် ဗဟိုဘဏ် ငွေလဲနှုန်း ကန့်သတ်ချက် ဖြေလျော့
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဗီယက်နမ်နိုင်ငံ ဗဟိုဘဏ် State Bank of Vietnam (SBV) သည် တနင်္လာနေ့ (အောက်တိုဘာ ၁၇ ရက်)တွင် ငွေလဲနှုန်း ကန်သတ်ချက်ပမာဏကို ±3.0% မှ ±5.0% သို့ ချဲ့ထွင်ခြင်းဖြင့် ဒေါင်ငွေကြေးကို တန်ဖိုးလျှော့ချ သတ်မှတ်ပါသည်။ ကမ္ဘာ့ဈေးကွက်တွင် ဈေးအတက်အကျကြောင့် ဖြစ်ပေါ်လာသော ငွေကြေးတန်ဖိုး ကျဆင်းလာခြင်းကြောင့် ဖြေလျော့ပေးလိုက်ခြင်း ဖြစ်ပါသည်။
ဒေါင်သည် တနင်္လာနေ့တွင် တစ်ဒေါ်လာလျှင် 24,270 စံချိန်တင် အနိမ့်ဆုံးသို့ 0.66% ကျဆင်းခဲ့ကြောင်း Refinitiv Eikon ၏ အချက်အလက်များအရ သိရသည်။
နိုင်ငံတော်ဘဏ်သည် စျေးကွက်ကို အနီးကပ်စောင့်ကြည့်ပြီး စျေးကွက်တည်ငြိမ်စေရန် နိုင်ငံခြားငွေများကို ရောင်းချရန် အသင့်ရှိကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ၏ နိုင်ငံခြားသုံးငွေ အရန်ငွေသည် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တဖြည်းဖြည်း မြင့်တက်လာခဲ့ပြီး ၂၀၂၁ ခုနှစ်အကုန်တွင် အမေရိကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရှိလာခဲ့သည်။ ၂၀၂၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉၂ ဘီလီယံ ရှိခဲ့သည်။
SBV က ယခုနှစ်တွင် စျေးကွက်ထဲသို့ နိုင်ငံခြားငွေအမြောက်အမြားကို သွန်ထည့်ပေးလိုက်ကြောင်း ပြောကြားသော်လည်း ပမာဏအတိအကျကို ထုတ်ပြန်ကြေညာခြင်း မပြုချေ။
စျေးကွက်လေ့လာသုံးသပ်သူအချို့က SBV သည် ဒေါင်-ဒေါ်လာ ငွေလဲနှုန်းတွင် ဒေါင်ကို ပံ့ပိုးရန်အတွက် ကူးသန်းရောင်းဝယ်ရေးဘဏ်များသို့ ဒေါ်လာ ၂၀ ဘီလီယံခန့် ရောင်းချခဲ့သည်ဟု ခန့်မှန်းကြသည်။
SBV သည် ယခုနှစ်အတွင်း ငွေကြေးဖောင်းပွမှု ၄% အောက်တွင် ထိန်းထားရန် ရည်ရွယ်ချက်ဖြင့် အတိုးနှုန်းကို အခြေခံ ဒသမ ၁၀၀ တိုးမြှင့်သတ်မှတ်ခဲ့ပါသည်။
Source Reuters
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U