Visa/ Master ကဒ်များနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်  ပြန်လည်ဖြေရှင်း


08 September, 2022

Visa/ Master ကဒ်များနှင့် စပ်လျဉ်း၍ ဗဟိုဘဏ်  ပြန်လည်ဖြေရှင်း

Visa/ Master ကဒ်များနှင့် စပ်လျဉ်း၍ ကောလာဟလများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ် (Central Bank of Myanmar) မှ ပြန်လည်ဖြေရှင်းချက်ကို ဖော်ပြအပ်ပါသည်။


အမေး- မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေလဲလှယ်နှုန်း တစ်ဒေါ်လာလျှင် ၂,၁၀၀ ကျပ် ဈေးသတ်မှတ်ပြီးနောက်ပိုင်း ပြည်တွင်းပုဂ္ဂလိကဘဏ်အချို့မှာ နိုင်ငံခြားငွေထည့်သွင်း အသုံးပြုရသည့် Visa/Master Card မှလုပ်ငန်းဆောင်ရွက်ခြင်းနှင့် ကတ်အသစ်လျှောက်ထားမှုကို ယာယီပိတ်ထားခြင်းရှိတယ်လို့ ကြားသိရပါတယ်။ အဆိုပါကိစ္စ ဟုတ်/မဟုတ် သိလိုပါတယ်။

 

အဖြေ- မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာနိုင်ငံသားများ ပြည်ပသို့သွားရောက်သည့်အခါ Retail ငွေပေးချေမှုအဆင်ပြေစေရန်နှင့် ငွေကြေးသယ်ဆောင်ခြင်း အခက်အခဲလျော့နည်း စေရန်၊ International Card ထုတ်ဝေခွင့်ကို ခွင့်ပြုထားပါတယ်။ လက်ရှိမှာ ဘဏ်များအနေဖြင့် Visa/Master Card စသည်များဖြင့် ကတ်လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိပြီး အများပြည်သူ၏ လူမှုဘဝတွင် ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များ၊ Personal Expense ကိစ္စရပ်များအတွက် ကတ်ပေးချေမှုမှတစ်ဆင့် အဆင်ပြေစွာပေးချေနိုင်ရေး ဆောင်ရွက်ပေး လျက်ရှိပါတယ်။ Visa/Master Card ဖြင့် ပေးဆောင်ရွက်မှုများကို ပိတ်ထားခြင်းမရှိသကဲ့သို့ လက်ရှိ Visa/Master Card များဖြင့် ပေးချေသုံးစွဲနေသောသူများလည်း ရှိပါတယ်။ ဘဏ်များ အနေဖြင့် ကတ်အသစ် လျှောက်ထားခြင်းကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Master/ Visa ကုမ္ပဏီတို့ဖြင့်လည်း အဆင်ပြေချောမွေ့စွာလုပ်ငန်း ပူးပေါင်းဆောင်ရွက်လျက် ရှိနေပါတယ်။
Source Commercial News
#MyanmarIndustriesGuide
 Telegram Channel  https://t.me/Guid4U

Banking & Loan Read 3236 times