အခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံကို ဖရဲ၊ သခွားတင်ပို့မှု ပိုမိုများပြားလာ


05 February, 2021

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တရုတ်နိုင်ငံကို ဖရဲ၊ သခွားနဲ့ အခြားသစ်သီးတွေ တင်ပို့မှုမှာ အခုရက်ပိုင်းအတွင်း ပိုမိုများပြားနေပြီး ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းကို သစ်သီးကားဝင်ရောက်မှုမှာ တစ်ရက်ကို အစီးရေ ၇၀၀ ဝန်းကျင်ခန့် အထိရှိပါတယ်။

အခုရက်ပိုင်းအတွင်း ဖရဲသီး၊ သခွားသီးတင်ယာဉ်တွေက မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းရှိ သစ်သီးဝလံကုန်စည်ဈေးကွက်အတွင်း အများဆုံးဝင်ရောက်ထားပြီး ဖရုံသီးယာဉ်ကတော့ အနည်းငယ်ဝင်ရောက်မှုရှိခဲ့ပါတယ်။

သစ်သီးကုန်သည်တစ်ဦးက ဒီရက်ပိုင်း ဖရဲနဲ့ သခွားအဝင်များတယ်။ သစ်သီးကားတွေကတော့ ကျင်းစန်းကျော့နဲ့ ပန်ဆိုင်းဘက်ကနေ အဆင်ပြေသလိုဝင်တယ်။ ဖရဲကတော့ လတ်တလောမှာ ရှမ်းပြည်သီးတွေအဝင်များတယ်။ ရာသီဥတုက အပူချိန်များတော့ ဂျပ်ဖာသီးတွေ အပူလောင်တာတွေရှိတယ်။ တာရှည်ခံအောင် လေပေါက်ချန်ဖို့လိုတယ်လို့ ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်အတွင်းရှိ သစ်သီးဝလံဈေးကွက်အတွင်းကို မတ် ၂၃ ရက်က ဖရဲသီးတင်ယာဉ် ၃၇၃ စီးဖြင့် ဖရဲတန်ချိန် ၄၈၂၉ တန်၊ သခွားသီးတင်ယာဉ် ၃၄၄ စီးဖြင့် သခွားသီးတန်ချိန် ၂၇၀၂ တန် ဝင်ရောက်ခဲ့ပါတယ်။

မတ် ၂၄ ရက်က ဖရဲသီးတင်ယာဉ် ၃၇၆ စီးဖြင့် ဖရဲတန်ချိန် ၄၉၄၂ တန်၊ သခွားသီးတင်ယာဉ် ၃၀၉ စီးဖြင့် သခွားသီးတန်ချိန် ၂၅၆၄ တန်ဝင်ရောက်ခဲ့ပါတယ်။

မတ် ၂၅ ရက်က  ဖရဲသီးတင်ယာဉ် ၃၃၆ စီးဖြင့် ဖရဲတန်ချိန် ၄၄၃၁ တန်၊ သခွားသီးတင်ယာဉ် ၃၂၅ စီးဖြင့် သခွားသီးတန်ချိန် ၂၆၄၀ တန်ဝင်ရောက်ခဲ့ပါတယ်။

မတ် ၂၆ရက်က ဖရဲသီးတင်ယာဉ် ၃၆၉ စီးဖြင့် ဖရဲတန်ချိန် ၄၈၂၃ တန်၊ သခွားသီးတင်ယာဉ် ၃၁၉ စီးဖြင့် သခွားသီးတန်ချိန် ၂၅၅၂ တန်ဝင်ရောက်ခဲ့ပြီး ဖရဲသီးတစ်တန်ကို အမြင့်ဈေး ၄၅၀၀ ယွမ်၊ သခွားသီးတစ်တန်ကို ၆၀၀၀ ယွမ်ထိ ဈေးရရှိထားပါတယ်။

Daily Eleven

Export, Import Read 347 times