Ant Group က Wave Money မှာ ရှယ်ယာတွေ အမေရိကန်ဒေါ်လာ ၇၃ ဖိုး ဝယ်ယူဖို့ စီစဉ်နေတာကို အစီအစဉ် ဖျက်သိမ်းလိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေထဲမှာ ဦးဆောင်နေရာကို ရရှိထားတဲ့ Wave Money က ၎င်းရဲ့ အက်ပ်မှာ လစဉ်ပုံမှန်သုံးစွဲသူ ၅၀ % ကျော် ဆုံးရှုံးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ လစဉ်ပုံမှန်သုံးစွဲသူ ၂ သန်းကျော် ရှိခဲ့ရာမှ မေလ ၃၁ ရက်မှာ ၁သန်းသာ ကျန်ရှိပါတော့တယ်။ အဲဒီအခြေအနေကြောင့် အလီဘာဘာရဲ့ လက်ခွဲလုပ်ငန်းဖြစ်တဲ့ ငွေကြေးလုပ်ငန်း Ant Group က Wave Money မှာ ရှယ်ယာတွေ ဝယ်ယူဖို့ စီစဉ်နေတာကို စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။
စင်ကာပူစတော့အိပ်ချိန်းစာရင်းဝင် Yoma Strategic Holdings က လက်ရှိမှာ Wave Money ရဲ့ ရှယ်ယာ ၄၄% ကို ပိုင်ဆိုင်ပါတယ်။
မိုဘိုင်း အင်တာနက် ဝန်ဆောင်မှုများကို မတ်လလယ်မှ စပိတ်ထားလိုက်တာ ဧပြီလကုန်အထိ ဖြစ်ပြီး ဧပြီလကုန်မှာ မိုဘိုင်းဘဏ် အက်ပ်အချို့ကိုသာ သုံးစွဲလို့ရအောင် ပြန်ဖွင့်ပေးခဲ့ပါတာကြောင့် မိုဘိုင်းငွေကြေးလုပ်ငန်းတွေရဲ့ အခြေအနေတွေ ဆိုးဝါးနေစေခဲ့ပါတယ်။ ငွေစက္ကူ အကြီးအကျယ် ပြတ်လပ်မှုကလည်း ငွေလွှဲပေးပို့ခြင်းကို အဓိကထား လုပ်ကိုင်နေတဲ့ Wave Money ကို အထိနာစေခဲ့ပြီး အက်ပ်သုံးစွဲမှု နည်းပါးသွားစေခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဇွန်လမှာ Ant Financial က Wave Money မှာ ရှယ်ယာအနည်းစု ပိုင်ဆိုင်သူအဖြစ် လုပ်ကိုင်မှာ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇၃ ဒသမ ရင်းနှီးမြှုပ်နှံမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မကြာခင်မှာပဲ Yoma က Wave Money မှာ Telenor ပိုင်ဆိုင်ထားတဲ့ ရှယ်ယာဝေစို ၅၁ % ကို အမေရိကန်ဒေါ်လာ ၇၆ ဒသမ ၅ သန်း ဖြင့် ဝယ်ယူမှာဖြစ်ကြောင်း ကြေညာခဲ့ပေမဲ့လည်း လက်တွေ့မှာတော့ အဆိုပါ အရောင်းအဝယ် နှစ်ခုစလုံး ဖြစ်မလာခဲ့ပါဘူး။
၂၀၂၁ ခုနှစ် မေလမှာ Yoma က စင်ကာပူစတော့ အိပ်ချိန်း SGX ကို တင်ပြတဲ့ ဖိုင်မှာ အရောင်းအဝယ်နှစ်ခုစလုံး ပွဲပျက်ခဲ့တာ ပြသနေပါတယ်။
Wave Money က ၂၀၁၈ ခုနှစ်မှာ ကျပ် ၆ ဒသမ ၃ ထရီလီယံ ငွေလွှဲဝန်ဆောင်မှု ပြုခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှာ သုံးစွဲသူ ၂၁ သန်း ရှိခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာတော့ ကျပ် ၁၂ ထရီလီယံ ငွေလွှဲဝန်ဆောင်မှု ပေးခဲ့ပါတယ်။ ၂၀၂၀ စက်တင်ဘာလမှာ သုံးစွဲသူ ၂၇ သန်း ရှိခဲ့ပါတယ်။
kr-asia.com