ဒီဇင်ဘာလအထိ ဆန်ချောဈေးတက်ရိပ်ရှိနေသည့် ဆန်ဈေးကွက်နှင့် ဆန်ဈေးနှုန်းများ


19 October, 2018

ပြည်တွင်းစားသုံးမှုများသည့် ဆန်ချောဈေးကွက်မှာ မြင့်တက်နေပြီး ဒီဇင်ဘာအထိ အတက်ဘက်တွင်သာရှိမည် ဖြစ်ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။


ဈေးမကျနိုင်
"ဆန်သစ်ထွက်မယ့် ဒီဇင်ဘာလလောက်မှပဲ ဈေးပြန် ကျနိုင်တယ်။ လတ်တလော ကာလထဲမှာတော့ ဆန်ချော ဈေးကျမယ့်အခြေအနေ မရှိသေးဘူး"ဟု ဘုရင့်နောင် ဆန်ဒိုင်အတွင်းရေးမှူး ဦးသန်းဦးက ပြောဆိုသည်။

အရည်အသွေးကျဆင်းနေ
မြန်မာနိုင်ငံမှ လူအများစုကြိုက်နှစ်သက်ပြီး စားသုံးကြ သည့် ရွှေဘိုပေါ်ဆန်းမှာ ထွက်ရှိသည့်ပမာဏနှင့် ဝယ်လို အား မမျှတသည့် အခြေအနေတွင်ရှိနေပြီး ရွှေဘိုပေါ်ဆန်းကို ဈေးကွက်ဝယ်လိုအားရှိချိန်တွင် ဧရာဝတီတိုင်းမှ ထွက်သည့် ပေါ်ဆန်းဆန်များနှင့် ရောနှောရောင်းချနေကြခြင်းကြောင့် ဆန်အရည်အသွေးကျဆင်းနေခြင်းဖြစ်သည်။

"လှောင်သမားတွေက တက်ဈေးကိုစောင့်ပြီး ရောင်းနေ တဲ့အတွက် ဆန်ကောင်းဝယ်ရတာ ရှားလာတယ်" ဟု ဆန်လက်လီရောင်းနေသူ ဒေါ်အေးအေးနိုင်က ပြောဆို သည်။

လက်လီဈေး
လက်လီဈေးကွက်တွင် ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် ကျပ် ၂ဝဝဝ ကျော်မှ ကျပ် ၃ဝဝဝ အထိ၊ ပုသိမ် ပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၂၄၀ဝ ဝန်းကျင်၊ မြောင်းမြပေါ်ဆန်း တစ်ပြည်လျှင် ကျပ် ၂၄၀ဝ ဝန်းကျင် ပေါက်ဈေးရှိနေသည်။

ဆန်ဈေးနှုန်းများ
 

ဆန်အမျိုးအစား

အနိမ့်ဆုံးဈေး

အမြင့်ဆုံးဈေး

ဖျာပုံပေါ်ဆန်းသစ်

၅၀၀၀၀

၅၂၀၀၀

ဒေးဒရဲပေါ်ဆန်းသစ်

၅၀၀၀၀

၅၂၀၀၀

မြောင်းမြ/ ပုသိမ်ပေါ်ဆန်းသစ်

၅၂၀၀၀

၅၆၀၀၀

ပေါ်ဆန်းနယ်စုံသစ်

၄၈၀၀၀

၅၀၀၀၀

ဧည့်မထ

၂၃၀၀၀

၂၃၅၀၀

ငစိန်

၂၃၀၀၀

၂၇၀၀၀

မြီးဒုံ

၄၂၅၀၀

၄၄၀၀၀

ဧည့်မထဆန်ကွဲ [2,3,4]

၁၉၀၀၀

၁၉၆၀၀

ဧည့်မထဆန်ကွဲ [1,2]

၁၉၀၀၀

၁၉၆၀၀

ပေါ်ဆန်းချောဆန်ကွဲ

၂၂၀၀၀

၂၄၀၀၀

ရွှေဘိုပေါ်ဆန်း

၆၁၀၀၀

၆၃၀၀၀

မိုးသုခရှယ်

၂၄၅၀၀

၂၆၀၀၀

ဧည့်မထ ၂၅% သစ်

၂၂၅၀၀

၂၂၈၀၀

ပေါ်ဆန်းသစ်ရှယ်

၄၃၀၀၀

၄၅၀၀၀

ရက် ၉၀ သစ်ရှယ်

၂၅၂၀၀

၂၆၀၀၀

ကြမ်းသစ်ရှယ်

၂၃၀၀၀

၂၃၅၀၀

ကြားပျံသစ်ရှယ်

၅၂၀၀၀

၅၅၀၀၀

နှံကားသစ်ရှယ်

၂၂၅၀၀

၂၂၆၀၀


 

Local News Read 484 times