၁၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာလျှင် 1,380 အောက် ဝမ်ကျဆင်း


07 September, 2022

၁၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဒေါ်လာလျှင် 1,380 အောက် ဝမ်ကျဆင်း


၁၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၇)တွင်  တစ် ကန်ဒေါ်လာလျှင် ဝမ် 1,380 အဆင့်အောက်သို့ တောင်ကိုရီးယား နိုင်ငံသုံးငွေ ဝမ်ကျဆင်းသွားသည်။
တောင်ကိုရီးယားနိုင်ငံ ငွေစာရင်း ပိုလျှံငွေ ပမာဏ ထိုးကျနေသည့် သက်ရောက်မှု ဖြစ်သည်။


တောင်ကိုရီးယား နိုင်ငံသုံးငွေကြေး ဝမ်သည် ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၇) နံနက် ၉ နာရီ ၂၀ မိနစ်တွင် တစ်ဒေါ်လာလျှင် ဝမ်  1,383 ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်‌နေ့ အပိတ်ဈေးထက်  ၁၁.၃၀ ဝမ် ကျဆင်းခဲ့သည်။


စျေးကွက်ဖွင့်ပြီးနောက် ဝမ်သည် 1,383.60 အထိ ရောက်အောင် ကျဆင်းခဲ့ပြီးမှ အနည်းငယ် ပြန်ဦးမော့သည်။

၂၀၀၉ ခုနှစ် ဧပြီလ ၁ ရက်နောက်ပိုင်း တစ်ကန်ဒေါ်လာလျှင် ဝမ် 1,380 အောက်ကို ကျဆင်းသွားခြင်း ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပါသည်။
ဗဟိုဘဏ် ထုတ်ပြန်ချက်အရ စာရင်းရှင် ပိုငွေ ဇွန်လတွင် ကန်ဒေါ်လာ ၅.၆၁ ဘီလီယံ ရှိခဲ့ပြီး ဇူလိုင်လတွင် ကန်ဒေါ်လာ ၁.၀၉ ဘီလီယံသာ ရှိတော့သည်အထိ အကျကြမ်းခဲ့သည်။


တောင်ကိုရီးယား ကုန်သွယ်ရေး လိုငွေပြခြင်း ဆက်လက်ဖြစ်ပေါ်နေသည်။ ၅ လ ဆက်တိုက် ကုန်သွယ်ရေး လိုငွေပြနေခဲ့ရာ ဩဂုတ်လတွင် ကုန်သွယ်ရေးလိုငွေ ကန်ဒေါ်လာ ၉.၄၇ ဘီလီယံဖြင့် စံချိန်သစ် တင်သည်။ စွမ်းအင်အတွက် သွင်းကုန်များ ဈေးနှုန်းမြင့်မားနေခြင်းသည် ကုန်သွယ်ရေး လိုငွေပြနေစေသည့် အဓိကအကြောင်းရင်း ဖြစ်သည်။

ကိုရီးယားနိုင်ငံ ကုန်သွယ်မှုလိုငွေပြမှုသည် ပြည်တွင်းငွေကြေးအပေါ် ဖိအားများ သက်ရောက်သည်။
  ဝမ်သည် ယခုနှစ်တွင် ကန်ဒေါ်လာနှင့် ယှဉ်လျှင် ၁၃ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့သည်။

Source  Yonhap
#MyanmarIndustriesGuide 
Telegram Channel  https://t.me/Guid4U

Banking & Loan Read 15593 times