မြန်မာနိုင်ငံရှိ အိမ်ထောင်စုများအပေါ် ကိုဗစ်-၁၉ သက်ရောက်မှု ကမ္ဘာ့ဘဏ်စစ်တမ်း အကျဉ်းချုပ်


17 November, 2020

မြန်မာနိုင်ငံရှိ အိမ်ထောင်စုများ၏ လတ်တလော အခြေအနေနှင့် သက်ရောက်မှုများ အပေါ် ကမ္ဘာ့ဘဏ်မှ လေ့လာသုံးသပ်ချက်အား တင်ပြပေးထားပါသည်။

၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့အထိ ပထမအသုတ်စောင့်ကြည့်လေ့လာမှုမှ ရလဒ်များအနှစ်ချုပ်ကို တင်ပြပေးထားခြင်း ဖြစ်ပါသည်။ ဤစာတမ်းတိုသည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ ကျပန်းရွေးချယ်ထားသော အိမ်ထောင်စုပေါင်း ၁,၅၀၀ အား ကောက်ယူထားသည့် တစ်နိုင်ငံလုံးကို ကိုယ်စားပြုသော စစ်တမ်း (၈) ကြိမ်တွင် ပထမအကြိမ်စစ်တမ်းမှ အဓိက တွေ့ရှိချက်များအား တင်ပြထားပါသည်။ စစ်တမ်းများကို ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန်လ ၃ ရက်နေ့ အထိ ကာလအတွင်း မိနစ် ၂၀ ကြာ ဖုန်းဖြင့် မေးမြန်း၍ ကောက်ယူခဲ့ခြင်း ဖြစ်ပါသည်။

အဓိကသတင်းစကားများ
အလုပ်အကိုင်နှင့် လုပ်သားများ၏ ဝင်ငွေအပေါ်ထိခိုက်မှုများသည် ကြီးမားပြင်းထန်ပါသည်။ စစ်တမ်းကောက်ယူခဲ့သည့် အိမ်ထောင်စုများ၏ ထက်ဝက်တွင် အဓိကအလုပ်လုပ်သူသည် လွန်ခဲ့သော (၇) ရက်အတွင်း အလုပ်မလုပ်ခဲ့ရပါ။ အလုပ်လုပ်နေဆဲဖြစ်သည့် ကျန်ထက်ဝက်သည်လည်း ၂၀၂၀ ပြည့်နှစ် မတ်လကုန်မှ စတင်၍ ဝင်ငွေကျဆင်းမှုကို ကြုံတွေ့နေရပါသည်။

အိမ်ထောင်စုများတွင် ရွေးချယ်လုပ်ကိုင်စရာ အသက်မွေးမှု လုပ်ငန်းအမျိုးအစားများ လျော့နည်းသွားပါသည်။အိမ်ထောင်စုပြင်ပနှင့် အိမ်ထောင်စုပိုင် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်မှုများ ကျဆင်းသွားသလို ငွေလွှဲပေးပို့မှုများ လက်ခံရရှိမှုလည်း
ကျဆင်းသွားပါသည်။

စားနပ်ရိက္ခာဖူလုံမှုအတွက် ပူပန်စရာ မလိုသေးပါ။ သို့သော် ကိုဗစ်-၁၉ ကြောင့် ဝင်ငွေအခက်အခဲဖြစ်မှုကို ကျော်လွှားနိုင်ရန် အစားအစာစားသုံးမှုကို ကန့်သတ်ခဲ့သည်ဟုဆိုသော အိမ်ထောင်စုများအတွက်မူ ပူပန်စရာကိစ္စ ဖြစ်လာနိုင်ပါသည်။

 

မြန်မာနိုင်ငံ ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာမှု

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ်-၁၉ ၏ သက်ရောက်မ ှု များကြောင့် များစွာ ထိခိုက်ဆုံးရှုံး မည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာ့စီးပွားရေး နှေးကွေးသွားမှုနှင့် နိုင်ငံတွင်း ကူးစက်ပြန့်ပွားမှုကို ကန့်သတ် ထိန်းချုပ်ရန် ဆောင်ရွက်မှု များကြောင့် စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုး (GDP) တိုးတက်နှုန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ၀.၅ ရာခိုင်နှုန်းမျှသာ ရှိတော့မည် ဟု ခန့်မှန်းပါသည်။

ဤအကျပ်အတည်းသည် အိမ်ထောင်စု များ၏ အသက်မွေးမှုလုပ်ငန်းများကို ထိခိုက်စေလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ကမ္ဘာ့ကပ်ရောဂါနှင့် ယင်းနှင့် ဆက်နွယ် သော ကန့်သတ်ထိန်းချုပ်နိုင်ရေး လုပ်ဆောင်မ ှု များသည် လက်ကားနှင့် လက်လီကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သော ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှုနှင့် ဆောက် လုပ်ရေးကဲ့သို့ အလုပ်အကိုင် အမြောက်အမြား ပေးထားသော လုပ်ငန်းကဏ္ဍများအတွင်းရှိ စီးပွားရေး လုပ်ဆောင်မှု များကို ပျက်ပြားစေလျက် ရှိပါသည်။ ရလဒ်အနေဖြင့် အိမ်ထောင်စု များသည် အလုပ်အကိုင် ဆုံးရှုံးခြင်း သို့မဟုတ် ဝင်ငွေလျော့ ကျခြင်းများကို ရင်ဆိုင်ရနိုင်ပါသည်။ အိမ် ထောင်စုများသည် ဆင်းရဲတွင်းသို့ သက်ဆင်းသွားနိုင်သည့် အန္တရာယ်ရှိပြီး စားနပ် ရိက္ခာ ဖူလုံမှုဆိုင်ရာ စိန်ခေါ်မှု များကို ရင်ဆိုင်ရဖွယ် ရှိပါသည်။

အကျပ်အတည်း၏ သက်ရောက်မှုကို ဆန်းစစ်ပြီး ဆင်းရဲ နွမ်းပါး၍ ထိခိုက်လွယ်သော အိမ်ထောင်စုများကို ကာကွယ် စောင့်ရှောက်ပေးသည့်မူဝါဒများ ချမှတ်နိုင်ရေးတွင် နောက်ဆုံး ရအချက်အလက် အထောက်အထားများသည် အဓိကကျပါ သည်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း နေထိုင်မှုအခြေအနေဆိုင်ရာ အချက်အလက်များ မရှိခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ပိုင်း အလုပ်အကိုင်၊ ဝင်ငွေနှင့် ဆင်းရဲနွမ်းပါးမှု ဆိုင်ရာ အပြောင်းအလဲများကို စောင့်ကြည့်လေ့လာရန် ရည်ရွယ်ချက် ဖြင့် ကမ္ဘာ့ဘဏ်မှ အိမ ် ထောင်စုများအား ကြိမ်နှုန်းမြင့် ဖုန်း စစ်တမ်းကောက်ယူခဲ့ခြင်းအပေါ် မြန်မာနိုင်ငံ၊ ဗဟိုစာရင်းအင်း အဖွဲ့မှ ပံ့ပိုးကူညီခဲ့ပါသည်။ အိမ်ထောင်စုများ၏ ထက်ဝက်ကျော်တွင် အဓိက လုပ်ကိုင် ကျွေးမွေးသူသည် အလုပ်လက်မဲ့ ဖြစ်နေပါသည်။ အိမ ် ထောင် စုဆယ်စုတွင် ခြောက်စုကျော်ရှိ စိုက်ပျိုးရေး ကျပန်းလုပ်သား အဖြစ် အဓိက အလုပ်လုပ်ကိုင်နေသူများသည် လွန်ခဲ့သော ခုနစ်ရက်အတွင်း အလုပ်မလုပ်ခဲ့ရပါ။

အလားတူပင် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေ သူများ၏ ၅၀ ရာခိုင်နှုန်းသည်လည်း အလုပ်မရှိကြပါ။ ကုန်ထုတ်လုပ်မှုနှင့် လက်လီကုန်သွယ်မှုတို့တွင် လုပ်ကိုင် နေသည့် အိမ် ထောင်စုများအား အဓိက ရှာဖွေကျွေးမွေး နေသူများမှာမူ အနည်းငယ်မျှ ပို၍ အခြေအနေကောင်းပါသည်။ ၎င်းတို့ထဲတွင် လွန်ခဲ့သော (၇) ရက်အတွင်း အလုပ်မရှိ သူသည် ၄၅ ရာခိုင်နှုန်းခန့် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လ နောက်ပိုင်းတွင် အလုပ်ပြောင်းလုပ်ခဲ့သည့် အိမ် ထောင်စုများ၏ အဓိကလုပ်ကိုင် ကျွေးမွေးသူသည် (၄) ရာခိုင်နှုန်းသာရှိပါသည်။

အလုပ်ရှိနေဆဲဖြစ်သောသူများကြားတွင် အစိုးရဝန်ထမ်းများမှ လွဲ၍ အခြားအလုပ်အကိုင်ကဏ္ဍများ အားလုံးတွင် အလုပ် အကိုင် မဆုံးရှုံးသော်လည်း ဝင်ငွေဆုံးရှုံးမှု များ ဖြစ်ပေါ်နေပါ သည်။ ယေဘုယျခြုံကြည့်မည်ဆိုလျှင် အလုပ်လုပ်နေဆဲ အိမ်ထောင်စုများ၏ အဓိက အလုပ်လုပ်သူများထဲတွင် ထက်ဝက်ကျော်သည် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်းတွင် ၎င်းတို့၏ ဝင်ငွေများ ကျဆင်းသွားခဲ့ပါသည်။

ကဏ္ဍများအားလုံး တွင် လုပ်သားများ၏ ၅၀ ရာခိုင်နှုန်းမှ ၆၈ ရာခိုင်နှုန်းကြား သည် ဝင်ငွေကျဆင်းမှုကို ကြုံတွေ့ခဲ့ရပါသည်။ အစိုးရဝန်ထမ်း များအပါအဝင် “အခြားဝန်ဆောင်မှုများ” တွင် အလုပ်လုပ်နေ သူများတွင်သာ ဝင်ငွေတည်ငြိ မ် မှု ရှိသည်ကို တွေ့ရပါသည်။ မိသားစုတစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများမှာလည်း အထိနာခဲ့ပါသည်။ ထိုလုပ်ငန်းများ၏ ၆၀ ရာခိုင်နှုန်းသည် လက်လီကုန်သွယ်မှုကဏ္ဍမှ ဖြစ်သောကြောင့် ထိုလုပ်ငန်းများ အပေါ် ထိခိုက်မှုမှာ မြင့်မားပါသည်။

မိသားစုလုပ်ငန်းဆယ်ခု တွင် ရှစ်ခုက ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ဝင်ငွေလျော့နည်း သွားသည် သို့မဟုတ် ဝင်ငွေလုံးဝမရှိ ဟုဆိုပါသည်။ ဝန်ဆောင် မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေးကို အခြေခံသော စီးပွားရေး လုပ်ငန်းများသည်လည်း အလားတူ တွေ့ကြုံရပါသည်။ သို့သော် ထိုလုပ်ငန်းအမျိုးအစားများမှာ ရာခိုင်နှုန်းအနည်းငယ် မျှသာ ရှိပါသည်။

ထို့အပြင် ဗိုင်းရပ်စ်ပိုး ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ဆောင်ရွက်ချိန်မှစ၍ လယ်ယာထွန်ယက်စိုက်ပျိုးသော အိမ်ထောင်စုများ၏ ကြီးမား သော ရာခိုင်နှုန်းသည်လည်း ပုံမှန်လယ်ယာစိုက်ပျိုးမှုလုပ်ငန်းများ သို့မဟုတ် ဆန်စပါးစိုက်ပျိုးမှု များကို ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။ အိမ် ထောင်စုများ၏ ထက်ဝက်ခန့်သည် လယ်ယာ စိုက်ပျိုးမှုနှင့် ဆန်စပါးစိုက်ပျိုးမှုတို့ကို လုပ်ဆောင်ပါသည် (လယ်ယာစိုက်ပျိုးသော အိမ် ထောင်စုများ၏ ၄၃ ရာခိုင်နှုန်း)။ သို့သော် အဆိုပါ လယ်ယာစိုက်ပျိုးသော အိမ်ထောင်စုများ၊ ပို၍ စိတ်ပူစရာကောင်းသည်မှာ ဆန်စပါးစိုက်ပျိုးသော အိမ် ထောင်စုများသည် ယခုနှစ်၏ စိုက်ပျိုးရာသီတွင် ထွန်ယက် စိုက်ပျိုးနိုင်မှု မရှိခြင်းပင် ဖြစ်ပါသည်။ ဆန်စပါးစိုက်ပျိုးသော တောင်သူများ၏ ၇၅ ရာခိုင်နှုန်းသည် လာမည့်ရာသီ အတွက် ဆန်စပါးစိုက်ပျိုးခြင်းကို ယခုထက်တိုင် မစတင်ရသေးပါ။

ဆန်စပါးကို အောင်မြင်စွာ စိုက်ပျိုးရိတ်သိမ်းနိုင်ရန် လိုအပ် သည့်အလုပ်များကို လိုအပ်သလောက် လုပ်ဆောင်နိုင်မှု မရှိပါ ကြောင်း ဆန်စပါးစိုက်ပျိုးသော တောင်သူများအားလုံးက ဆိုပါသည်။ ထို့ပြင် ယခုနှစ် မိုးရာသီအဝင် နောက်ကျခြင်း ကလည်း နောက်ထပ်စိတ်ပူပန်စရာကိစ္စ တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ အိမ်ထောင်စုများတွင် ရွေးချယ်လုပ်ကိုင်စရာ အသက်မွေးမှု လုပ်ငန်းအမျိုးအစားများလည်း လျော့နည်းသွားပါသည်။

၂၀၂၀ ပြည့်နှစ် မတ်လမတိုင်မီက အိမ်ထောင်စုများ၏ ၁၇ ရာခိုင်နှုန်းသည် ကဏ္ဍနှစ်ခုတွင် အလုပ်လုပ်ကိုင်ကြပြီး မည်သည့်ကဏ္ဍတွင်မှ အလုပ်မလုပ်သော အိမ ် ထောင်စုမှာ ၁၃ ရာခိုင်နှုန်းခန့် ရှိပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်းတွင် ကဏ္ဍနှစ်ခု၌ အလုပ်လုပ်ကိုင်သော အိမ် ထောင်စုများမှာ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး မည်သည့်အသက်မွေးဝမ်းကျောင်းမှု အလုပ်ကိုမျှ လုပ်ကိုင်ခြင်းမရှိသော အိမ် ထောင်စုမှာ ၂၁ ရာခိုင်နှုန်းအထိ ထိုးတက်သွားပါသည်။ ထို့ပြင်အိမ် ထောင်စု များသည် ငွေလွှဲပေးပို့မှုများ သိသိသာသာ ကျဆင်းသွားခြင်း ကြောင့် အလုပ်လုပ်ခြင်းကြောင့်မဟုတ်ဘဲ ရရှိသည့် ထိုဝင်ငွေ ကိုလည်း ဆုံးရှုံးကြပါသည်။

မတ်လအစောပိုင်းမှ စတင်၍ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်ကြသော မြန်မာ ရွှေပြောင်းလုပ်သားများ နေရပ်ပြန်လာခြင်းနှင့်အတူ ငွေလွှဲ ပေးပို့မှု များကို လက်ခံရရှိနေသည့် အိမ် ထောင်စုလေးစုတွင် သုံးစုသည် ငွေလွှဲပေးပို့မှု များ လက်ခံရရှိမှု လျော့နည်းသွားခြင်း သို့မဟုတ် လုံးဝမရတော့ခြင်းများ ဖြစ်ပေါ် ခဲ့ပါသည်။ အိမ်ထောင်စုများသည် ဝင်ငွေများဆုံးရှုံးခြင်းကို ဖြေရှင်းရန် အတွက် အစားအစာ စားသုံးမှု များကို လျှော့ချခဲ့ကြောင်း ပြောပြကြသဖြင့် စားနပ်ရိက္ခာဖူလုံမှုသည်လည်း စိုးရိမ်ပူပန် ရမည့် ကိစ္စတစ်ခုအဖြစ် ပေါ်ထွက်လာပါသည်။

၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်းတွင်ပင်လျှင် အိမ်ထောင်စုအများစုသည် ဆန်နှင့် အသားဓာတ် (ကြက်သား) ကို ဝယ်ယူနိုင်ခဲ့ကြပါသည်။ သို့သော် အိမ်ထောင်စုများ၏ ၁၁ ရာခိုင်နှုန်းတွင် အရွယ် ရောက်သူ အိမ်ထောင်စုဝင် အနည်းဆုံးတစ်ဦးသည်လွန်ခဲ့သော ရက်ပေါင်း ၃၀ အတွင်းတွင် စားနေကျထက် လျှော့စားခဲ့ရ ပါသည်။

ထိုအချိန်ကာလအတွင်းမှာပင် အိမ်ထောင်စုများ၏ ၇ ရာခိုင်နှုန်းသည် အစားအစာပြတ်လပ်ခဲ့သည်ဟု ဆိုပါသည်။ အိမ်ထောင်စုများ၏ ထက်ဝက်ခန့်သည် ဒုက္ခအကျပ်အတည်း ကိုကျော်လွှားရန် ၎င်းတို့၏ အစားအစာ စားသုံးမှုကို လျှော့ချ ခဲ့သည်ဟုဆိုသောကြောင့် ရေရှည်တွင် စားနပ်ရိက္ခာဖူလုံမှု နှင့် လူသားဖွံ့ဖြိုးမှုကို ခြိ မ်းခြောက်နေပါသည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်၍ အိမ ် ထောင်စုများ၏ ၁၅ ရာခိုင်နှုန်းသည် သာလျှင် အစိုးရထံမှ စားနပ်ရိက္ခာအကူအညီကို လက်ခံရရှိခဲ့ ပါသည်။

မြန်မာနိုင်ငံ ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာမှု (MYANMAR COVID-19 MONITORING) ကို မြန်မာနိုင်ငံ၊ ဗဟိုစာရင်းအင်းအဖွဲ့ (CSO) ၏ အကူအညီ ဖြင့် ကမ္ဘာ့ဘဏ်၏ ဆင်းရဲနွမ်းပါးမှုနှင့် သာတူညီမျှမှုဆိုင်ရာ နိုင်ငံတကာကျင့်သုံးမှုအဖွဲ့ (POVERTY AND EQUITY GLOBAL PRACTICE)နှင့် မေခရို စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာကျင့်သုံးမှုအဖွဲ့ (MACRO, TRADE AND INVESTMENT GLOBAL PRACTICE) တို့မှ အိမ်ထောင်စုများ၏ နေထိုင်မှုအခြေအနေနှင့် စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်များဆိုင်ရာ နောက်ဆုံးရအချက်အလက်များကို ပုံမှန်ပံ့ပိုးပေးနိုင်ရန် လစဉ်ကောက်ယူလျက်ရှိသော အိမ်ထောင်စုနှင့် စီးပွားရေးလုပ်ငန်း စစ်တမ်းတစ်ခုကို အခြေခံကာ ဆောင်ရွက်ထားခြင်းဖြစ်ပါ သည်။

ထို့ပြင် လူမှုဖွံ့ဖြိုးရေးဆိုင်ရာ နိုင်ငံတကာကျင့်သုံးမှုအဖွဲ့ (SOCIAL DEVELOPMENT GLOBAL PRACTICE) မှ ဦးဆောင်ကောက်ယူသော ရပ်ရွာစစ်တမ်းတစ်ခုကိုလည်း ထည့်သွင်းထားပါသည်။ မြန်မာနိုင်ငံ ကိုဗစ်-၁၉ စောင့်ကြည့်လေ့လာမှုကို ယူနိုက်တက်ကင်းဒမ်းနိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးမှုဌာန၊ ကိုရီးယားနိုင်ငံအစိုးရ၊ အိုင်ယာလန်နိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာနတို့မှ စုပေါင်းထည့်ဝင်သော စာရင်းအင်းစွမ်းရည်မြှင့်တင် ရေးရန်ပုံငွေ (TRUST FUND FOR STATISTICAL CAPACITY BUILDING - TFSCBIII) မှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါသည်။ ဩစတြေးလျနိုင်ငံအစိုးရ၊ ဒိန်းမတ်နိုင်ငံအစိုးရ၊ ဖင်လန်နိုင်ငံအစိုးရနှင့် ဆွီဒင်နိုင်ငံအစိုးရတို့မှလည်း ထပ်ဆောင်းပံ့ပိုးကူညီထားပါသည်။

Local News Read 458 times