ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း ၂၀၂၂ နှင့် ၂၀၂၃ တို့တွင် နှေးနေဦးမည်


15 January, 2022

ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း ၂၀၂၂ နှင့် ၂၀၂၃ တို့တွင် နှေးနေဦးမည်

ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်းသည် ၂၀၂၂ တွင် ၄% ရှိမဉ်ဟု ခန့်မှန်းထားသည်။ ပြီးခဲ့သည့်နှစ်  ၂၀၂၁ တွင် ၅.၅% ရှိခဲ့သည်ထက် ပိုနည်းသွားမည်။ ၂၀၂၃ တွင် ၃.၅% ရှိမည်ဟု ခန့်မှန်းထားသည်။ COVID-19 ကူးစက်မှု လှိုင်းအသစ်များ၊ လုပ်သားဈေးကွက် စိန်ခေါ်မှုများ၊ ဖြည့်သွင်းကွင်းဆက် အကန့်အသတ် ဖြစ်နေခြင်းများဦ ငွေဖောင်းပွမှု မြင့်တက်ခြင်းတို့ ရှိနေမည်ဟု ကုလသမဂ္ဂမှ ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။

The World Economic Situation and Prospects 2022 အစီရင်ခံစာတွင် ၂၀၂၁ ကြီးထွားမှု အရှိန်အဟုန်သည် နှစ်ကုန်တွင် စတင်နှေးသွားမည်ဟု သုံးသပ်ထားသည်။ ကပ်ရောဂါ ဆက်ရှိနေခြင်းက ငွေဖောင်းပွမှု မြင့်တက်စေပြီး ပြန်နာလန်ထူဖို့ ခက်ခဲနေစေလိမ့်မည်။ 
ကမ္ဘာ့ငွေကြေးဖောင်းပွမှုသည် ၂၀၂၁ တွင် ၅.၂% ရှိမည်ဟု ခန့်မှန်းထားသည်။
ကိုဗစ်ကပ်ဘေး၏ ရေရှည်နောက်ဆက်တွဲရလဒ်တစ်ခုမှာ ဆင်းရဲချမ်းသာ ကွာဟမှုရေချိန် မြင့်မားမည်။ နိုင်ငံတစ်ခုအတွင်း ဆင်းရဲချမ်းသာကွာဟမှု မြင့်မားခြင်း၊ နိုင်ငံများအကြာ ဆင်းရဲချမ်းသာကွာဟမှု မြင့်မားခြင်း နှစ်မျိုးစလုံး ဖြစ်ပေါ်လိမ့်မည်ဟု အစီရင်ခံစာက သတိပေးထားသည်။ 

 

 


 

Global News Read 443 times