အရှေ့တောင်အာရှမှာ အပျော်ရွှင်ရဆုံး နိုင်ငံ စင်ကာပူ


07 September, 2021

ပျော်ရွှင်ရမှု စံနှုန်းတွေနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ဆန်းစစ်ပြီး အဆင့်တွေ သတ်မှတ်ပေးထားတဲ့ ၂၀၂၁ အစီရင်ခံစာ ထွက်လာတာမှာ အရှေ့တောင်အာရှ ဒေသတွင်းမှာ  စင်ကာပူက အပျော်ရွှင်ရဆုံး၊ သတ်မှတ်ထားတာ တွေ့ရပါတယ်။

ဒီ အစီရင်ခံစာကို ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ရေရှည်တည်တံ့ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ကွန်ရက် အဖွဲ့ကနေ ထုတ်ပြန်နေတာမှာ အခုတစ်ခေါက်ကတော့ ၉ ကြိမ်မြောက် အစီရင်ခံစာ ဖြစ်ပါတယ်။

ဒီတစ်ခေါက် အစီရင်ခံစာကတော့ ကိုဗစ် နိုင်တင်း ကမ္ဘာ့ကပ်ဘေး သင့်နေချိန် လူမှုဘဝတွေပေါ် သက်ရောက် ရိုက်ခတ် ခံရတဲ့ အနေအထားနဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့တွေရဲ့ တုန့်ပြန် ကိုင်တွယ် ထိန်းချုပ်ပုံတွေ အပေါ် အဓိက အာရုံစိုက်ထားတယ်လို့ ဆိုပါတယ်။

၆.၄ မှတ်နဲ့ စင်္ကာပူက အာဆီယံနိုင်ငံတွေထဲ ထိပ်ကပြေးပေမယ့် ကမ္ဘာ့ နိုင်ငံတွေ အားလုံးထဲမှာတော့ နံပါတ် ၃၂ နေရာမှာ ရှိပါတယ်။ အာရှ ဒေသမှာ ထိပ်ဆုံးက ရှိနေတာ ထိုင်ဝမ် ဖြစ်ပြီး နံပါတ် ၂၄ နေရာမှာ ဖြစ်ပါတယ်။ မြန်မာကိုတော့ ရမှတ် ၄.၆ နဲ့ အမှတ်စဥ် ၁၂၆ မှာ သတ်မှတ် နေရာပေးထားတာ တွေ့ရပါတယ်။

ထိပ်ဆုံးမှာတော့ ဖင်လန်၊ ဒိန်းမတ်၊ အိုက်စ်လန်၊ နယ်သာလန်၊ နော်ဝေ၊ ဆွီဒင် စတဲ့ ဥရောပ မြောက်ပိုင်း နိုင်ငံတွေ၊ စကင်ဒီနေးဗီးယန်း နိုင်ငံတွေကို အပျော်ရွှင်ရဆုံး နိုင်ငံတွေ အဖြစ် ထားရှိပါတယ်။ အောက်ဆုံးမှာတော့ ရဝမ်ဒါ၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန် ဆိုပြီး အမှတ်စဥ် ၁၄၇၊ ၁၄၈၊ ၁၄၉ ဆိုပြီး သတ်မှတ်ထားပါတယ်။
မြန်မာကို ရမှတ် ၄.၆ နဲ့ အမှတ်စဥ် ၁၂၆ မှာ သတ်မှတ် နေရာပေးထားပါတယ်။
ကိုဗစ် ကာကွယ်ဆေးတွေ စပြီး ရရှိတဲ့ အစောဆုံး ကမ္ဘာ့ နိုင်ငံတွေထဲ မြန်မာလည်း ပါဝင်ခဲ့ပေမယ့်၊ စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ကိုဗစ်ဆေး ထိုးရေး လုပ်ငန်းတွေ အပါအဝင် ကျန်းမာရေး စောင့်ရှောက်မှု ယန္တရားတစ်ခုလုံး ရပ်ဆိုင်းလုမတတ် ဖြစ်သွားတဲ့ အခြေအနေတွေကို အခုလို ပျော်ရွှင်မှုနည်းရတဲ့ နိုင်ငံအဖြစ် ဆန်းစစ်ခံနေတာက လာပြီး ထင်ဟပ်နေတယ်လို့ အကဲခတ်တွေက ပြောကြပါတယ်

BBC
 

Global News Read 347 times