ဇူလိုင်လ ကမ္ဘာတစ်လွှား ငွေပေးချေမှု အသုံးများသည့် ငွေကြေးများ


24 August, 2022

ဇူလိုင်လ ကမ္ဘာတစ်လွှား ငွေပေးချေမှု အသုံးများသည့် ငွေကြေးများ

ဇူလိုင်လတွင် ကမ္ဘာတစ်လွှား ငွေပေးချေမှုများတွင် ကန်ဒေါ်လာနှင့် ယွမ်တို့ကို ဇွန်လမှာထက် ပိုမိုသုံးစွဲခဲ့ကြကြောင်း Society for Worldwide Interbank Financial Telecommunication (SWIFT) မှ ထုတ်ပြန်သည့် အစီရင်ခံစာအရ သိကြရပါသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများတွင် အသုံးများသည့် ငွေကြေးများတွင်  အမေရိကန်ဒေါ်လာသည် သုံးစွဲမှု အများဆုံး ဖြစ်သည်။ ထိုနောက်တွင် ယူရို၊ ဗြိတိသျှ ပေါင်၊ ဂျပန် ယန်း၊ တရုတ် ယွမ်တို့ အစဉ်အတိုင်း နေရာယူထားသည်။ 


ဇူလိုင်လတွင် ဇွန်လထက် အသုံးပိုများခဲ့သည်မှာ ကန်ဒေါ်လာနှင့် ယွမ်တို့ ဖြစ်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများတွင် ကန်ဒေါ်လာ ဝေစုသည် ဇွန်လတွင် ၃၈.၇၇% ရှိခဲ့ပြီး ဇူလိုင်လတွင် ၄၁.၁၈% ဖြစ်လာပါသည်။ ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများတွင် အသုံးအများဆုံးငွေကြေးအဖြစ် ဆက်လက်ရပ်တည်ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေပေးချေမှုများတွင် ယွမ်ဝေစုသည် ဇွန်လတွင် ၁.၈၆% ရှိခဲ့ပြီး ဇူလိုင်လတွင် ၂.၂ % သို့ မြင့်တက်ခဲ့သည်။ 

ဇူလိုင်လတွင် ကုန်သွယ်မှု ငွေပေးငွေယူတွင် ယွမ်ကို လက်ခံသုံးစွဲသည့် နိုင်ငံများအကြားတွင် ရုရှားသည် တတိယနေရာသို့ ရောက်ရှိလာသည်။ 

ယူရိုသည် ‌ဇွန်လတွင် ဝေစု ၃၆.၄၆% ရှိခဲ့ပြီး ဇူလိုင်လတွင် ဝေစု ၃၅.၄၉% သို့ လျော့ကျခဲ့ပါသည်။ 

ပေါင်သည် ဇွန်လတွင် ၇% ရှိခဲ့ပြီး ဇူလိုင်လတွင် ၆.၄၅ သို့ ကျဆင်းသည်။

ဂျပန်ယန်းသည် ဇွန်လတွင် ၃.၄၆% ရှိခဲ့ပြီး ဇူလိုင်လတွင် ၂.၈၂% သို့ ကျဆင်းပါသည်။
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Banking & Loan Read 1746 times