ထိုင်းနိုင်ငံမှ ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုနှင့် ရေပေါ်ဆိုလာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု တွဲဖက် လုပ်ကိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစခန်းဟာ ကမ္ဘာပေါ်မှာအကြီးမားဆုံးဖြစ်ပြီး ဓာတ်အား စတင်ထုတ်လုပ်နေပြီ ဖြစ်သည်။
ထိုင်းနိုင်ငံ၏ ၂၀၅၀ မှာ ကာဘွန်ထုတ်လုပ်မှု ကင်းစင်ရေး ရည်မှန်းချက်အတွက် ကြီးမားသည့် ခြေလှမ်းကို လှမ်းလိုက်ခြင်း ဖြစ်သည်။
ဆိုလာပြားများကို ရေပေါ်မှာ ထားရှိပြီး ခင်းကျင်းထားသည့် အကျယ်အဝန်းက ဘောလုံးကွင်း ၁၆၀ ကွင်းစာ ကျယ်သည်။
Sirindhorn ဆည်တွင် တည်ရှိပြီး ဘန်ကောက်မြို့ အရှေ့ဘက် ကီလိုမီတာ ၆၆၀ (၄၁၀ မိုင်) ဝေးသည်။
ထိုင်းနိုင်ငံလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့(EGAT) (Electricity Generating Authority of Thailand )မှ ထုတ်ပြန်ချက်အရ ဆိုလာပြား ခုရေ ၁၄၅,၀၀၀ တို့က နေ့ဘက်တွင် နေထံမှ စွမ်းအင်ရယူပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးကြသည်။ ညဘက်တွင် ရေအားလျှပ်စစ်ကို တာဘိုင် ၃ လုံးဖြင့် ထုတ်လုပ်သည်။
Sirindhorn ဆည်တွင် ရေအားရေပေါ်ဆိုလာ ပေါင်းစပ်စီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၄ သန်း ရင်းနှီးမြှုပ်နှံပြီး အကောင်အထည်ဖော်ခဲ့သည်။
ရေအားနှင့် ဆိုလာ ဓာတ်အားထုတ်လုပ်မှု နှစ်ရပ်ပေါင်း ၃.၇ gigawatt ထုတ်လုပ်နိုင်စွမ်း ရှိသည်။
ယခုလို ပြန်ပြည့်မြဲစွမ်းအင်ထုတ်လုပ်မှုများဖြင့် သဘာဝဓာတ်ငွေ့အပေါ် မှီခိုအားထားပြီး ဓာတ်အားထုတ်လုပ်ခြင်းများကို လျှော့ချသွားရန် ရည်ရွယ်သည်။
ဆက်စပ်ဖတ်ရှုရန် ခေါင်းစဉ်ငယ်ကို ထိပါ
ထိုင်းနိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ရေပေါ် ဆိုလာ စီမံကိန်း
လက်ရှိတွင် ထိုင်းနိုင်ငံ ဓာတ်အားထုတ်လုပ်မှုလအမျိုးမျိုးတို့တွင် သဘာဝ ဓာတ်ငွေ့ဖြင့် ထုတ်လုပ်ခြင်းက သုံးပုံနှစ်ပုံနီးပါး ရှိသည်။ လေအား၊ ဆိုလာနှင့် ရေအား သုံးမျိုးတို့၏ ထုတ်လုပ်မှုသည် ၁၀ % အောက်တွင်သာ ရှိသည်။
ထိုင်းနိုင်ငံအစိုးရသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုမှုကို ၂၀၃၇ ခုနှစ်အရောက်တွင် ၃၅ ရာခိုင်နှုန်းအထိ မြှင့်တင်ရန် စီစဉ်ထားသည်။
နှစ်မျိုးစပ်စွမ်းအင်စီမံကိန်းအောင်မြင်မှုရရှိပြီးနောက်တွင် EGAT သည် နိုင်ငံတစ်ဝှမ်း၌ အခြားလျှပ်စစ် စီမံကိန်း ၁၅ ခုအတွက် နှစ်မျိုးစပ် စွမ်းအင်ထုတ်လုပ်ရေး ပုံတူရှေ့ပြေးစီမံကိန်းတစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းစီမံကိန်းသည် ထိုင်းနိုင်ငံ၏ လတ်တလော လျှပ်စစ်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှ ဓာတ်အား စုစုပေါင်း ပမာဏ ၂,၇၂၅ မီဂါဝတ် ရရှိရန် ရည်မှန်းထားကြောင်း သိရသည်။
ထိုင်းနိုင်ငံလျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့(EGAT) ၏ အုပ်ချုပ်ရေးမှူး Boonyanit Wongrukmit က နှစ်မျိုးစပ် စွမ်းအင်စီမံကိန်းသည် ထိုင်းနိုင်ငံ၏ စွမ်းအင်စနစ် ဖူလုံရေး နှင့် ကမ္ဘာကြီးပူနွေးလာမှုအား လျှော့ချရေးကူညီရန် သန့်စင်သောစွမ်းအင်များ ထောက်ပံ့ပေးရေးတွင် မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်သည်ဟု ပြောကြားသည်။