ရန်ကုန်ဧရိယာပြင်ပ ၁၁ မြို့နယ် စက်မှုဇုန်များ


17 August, 2018

တိုင်းအစိုးရအဖွဲအနေနဲ့ ရန်ကုန်မြို့တော် ဧရိယာပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်တွေ ထူထောင်ခြင်းဟာ ရန်ကုန်မြို့တော်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ဆိုးကျိုးများကို အထိုက်အလျောက် လျော့နည်းအောင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

နိုင်ငံတကာ အဆင့်မီ စက်မှုဇုန်များထူထောင်ဖို့ စီမံကိန်းအစီရင်ခံစာမှာ မြို့နယ် ၁၁ မြို့နယ်လုံးအတွက် တင်ပြခဲ့ရခြင်းမှာ ပြည်ပပုဂ္ဂလိက လုပ်ငန်းရှင်များအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံဖို့ နေရာဒေသအစုံမှာ ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်နိုင်စေရန်လည်းကောင်း၊ ဒေသခံပြည်သူများအနေနဲ့လည်း မိမိဒေသကို ချန်လှပ်ခဲ့ခြင်းမျိုး မဖြစ်ပေါ်စေရန်လည်းကောင်း ရည်ရွယ်ပြီး တင်ပြခဲ့ရခြင်းဖြစ်ပါတယ်လို့ သူကပြောပါတယ်။

ရန်ကုန်မြို့ပြင်ပ ၁၁ မြို့နယ်မှာ နိုင်ငံတကာအဆင့်မီ စက်မှုဇုန်များ အကောင်အထည်ဖော်ခြင်းဟာ ဒေသနဲ့ ဒေသခံပြည်သူများရဲ့ ဖွံ့ဖြိုးရေး၊ လူမှုဘဝအခက်အခဲများ ဖြေရှင်းနိုင်ရန် ဆောင်ရွက်ပေးနိုင်မယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ပြင်ပ ၁၁ မြို့နယ်အတွင်းမှာနေထိုင်တဲ့ ဒေသခံပြည်သူများရဲ့ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိရေးနဲ့ ဝင်ငွေတိုးတက်ရရှိလာတာနဲ့အမျှ ကျေးလက်နေပြည်သူများရဲ့ လူမှုဘဝအခက်အခဲများကို ဖြေရှင်းနိုင်အောင်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်မြို့တော်ဝန်က ဆွေးနွေးခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၄၅ မြို့နယ်ရှိပြီး ကိုကိုးကျွန်းမြို့နယ်မှအပ ကျန် ၄၄ မြို့နယ်ရဲ့ ဧရိယာ အကျယ်အဝန်းဟာ ၁၀,၂၃၉ စတုရန်းကီလိုမီတာ ကျယ်ဝန်းပါတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကွပ်ကဲမှု အောက်ရှိ ၃၃ မြို့နယ်ရဲ့ အကျယ်အဝန်းရဲ့ ၁၂ ဆနီးပါးခန့် ပိုမိုကျယ်ဝန်းတာကြောင့် ဒေသဖွံ့ဖြိုးရေးအတွက် များစွာလိုအပ်နေတယ်လို့ဆိုပါတယ်။

အသုံးပြုမြေများဟာ လယ်ရှိလယ်သမားများပိုင်တဲ့ လယ်ယာမြေများဖြစ်တယ် ။ သို့သော်လည်း စက်မှုဇုန်မြေအဖြစ် အသုံးချခွင့်ရရန် ပြည်ထောင်စုအစိုးရအား တင်ပြမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရတယ်။

လယ်သမားများထံမှ မြေရယူရာတွင်လည်း လျော်ကြေးကို လက်ရှိပေါက်ဈေးဖြင့်ပေးမည်ဖြစ်ပြီး လျော်ကြေးအဖြစ် လယ်သမားမှ ပိုင်ဆိုင်မှု၏ ၂၀ ရာခိုင်နှုန်း ပြန်ရမည်ဖြစ်ကာ အစိုးရမှ ၈၀ ရာခိုင်နှုန်းရယူကာ အကောင်အထည်ဖော်မယ်လို့သိရသည်။

ဆောင်ရွက်မည့်စက်မှုဇုန်များတွင်

ဧက ၁၀၉၁ ဒသမ ၉၆ ရှိသည့် ကွမ်းခြံကုန်းစက်မှုဇုန်၊

ဧက ၁၀၀၀ ရှိသည့် ကော့မှူးစက်မှုဇုန်၊

ဧက ၁၀၀၀ ရှိသည့် တိုက်ကြီးစက်မှုဇုန်၊

ဧက ၇၅၀ ရှိသည့် မှော်ဘီစက်မှုဇုန်၊

ဧက ၁၀၀၀ ရှိသည့် လှည်းကူးစက်မှုဇုန်၊

ဧက ၁၀၀၀ ရှိသည့် ထန်းတပင်စက်မှုဇုန် တို့ပါဝင်မယ်လို့သိရပါတယ်။

ဒလစက်မှုဇုန်

********

ဒလစက်မှုဇုန်စီမံကိန်းအတွက် နားလည်မှုစာချွန်လွှာတစ်စောင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ တောင်ကိုရီးယားအခြေစိုက် မြန်မာကုမ္ပဏီ ဝူရီးတို့အကြား သြဂုတ်လ ၁၁ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီစီမံကိန်းကို ရန်ကုန်ရှိ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်တစ်ခုရဲ့ ရန်ကုန်မြစ် အနောက်ဖက်ကမ်းရှိ ရန်ကုန်-ဒလ တံတားစီမံကိန်း အနီးမှာ အကောင်အထည်ဖော်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ အဆိုအရ သိရပါတယ်။

စက်မှုဇုန်စီမံကိန်းဟာ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားဖြစ်တဲ့ ရန်ကုန်-ဒလတံတားစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ တံတားစီမံကိန်းကို ယခုနှစ်စက်တင်ဘာလမှာ စတင်မှာဖြစ်ပြီး ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်မှာ ပြီးစီးမယ်လို့ မျှော်မှန်းထားပါတယ်။

ရန်ကုန်-ဒလ တံတားစီမံကိန်း သဘောတူညီချက်ကို ယခင်သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးချေးငွေ အမေရိကန်ဒေါ်လာ ၁၃၇.၈ သန်းအပြင် မြန်မာအစိုးရကလည်း အမေရိကန်ဒေါ်လာ ၃၀.၃ သန်း ကျခံမယ်လို့ သဘောတူထားပါတယ်။ ထိုတံတားဟာ ရန်ကုန်မြို့လယ်မှ ဘုန်းကြီးလမ်းနဲ့ ဒလမြို့နယ်မှ ဗိုလ်မင်းရောင်လမ်းတို့ကို ဆက်သွယ်ထားမှာဖြစ်ပါတယ်။

ဒလမြို့နယ်ဟာရန်ကုန်တိုင်းမှာ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်များအနက် တစ်ခုဖြစ်ပြီး လတ်တလောမှာ ရေကြောင်းခရီးနဲ့ သွားလာနိုင်ပါတယ်။ အဓိက ပြဿနာက နွေရာသီမှာ ရေရှားလေ့ရှိတာ ဖြစ်ပါတ;

Local News Read 1090 times