ကျူးကျော်နေပြည်သူများအတွက် နှစ်ရှည်တိုက်ခန်းကို ရောင်းချရန် အစီအစဉ်ရှိဟု ရန်ကုန်တိုင်း ဝန်ကြီးပြော


11 May, 2018

မေလ (၉) ရက်နေ့ Novotal Hotel တွင် ကျင်းပပြုလုပ်သည် Yangon Investment Forum 2018 တွင်ရန်ကုန်တိုင်း ဝန်ကြီး ဦးဖြိုးမင်းသိန်းမှရန်ကုန်မြို့ရှိ ကျူးကျော်နေထိုင်မူ ပြသာနာ ကို ပြောကြားခဲ့သည်။

ကျူးကျော်နေထိုင်မူ ပြသာနာကျူးကျော်နေထိုင်သူတွေဟာ ရန်ကုန်မြို့ရဲ လူသား အရင်းအမြစ်တွေဖြစ်ပါတယ်။သူတိုရဲ့ လူမူဘဝကိုမြင့်တင်ပေးလိုက်မယ်ဆိုရင် လူနေမူ အဆင့်အတန်းတွေ မြင့်မားလာမှာဖြစ်ပါတယ်။ကျွန်တော်တို့ စာရင်းကောက်ထားတာ ရှိပါတယ်။

ကျွန်တော်တို့ ကောက်ခံရတဲ့စာရင်းအရ အိမ်ဝယ်လိုသူ လူဦးရေ (၁) သိန်းခွဲရှိပါတယ် ဒါအင်မတန် ကြီးမားတဲ့ ဈေးကွက်ဖြစ်ပါတယ်။(၁)သိန်းခွဲသော အိမ်ထောင်စုတွေကို တိုက်ခန်းတလကို (၆)သောင်း ၊(၇) သောင်းလောက်နဲ့ အနှစ်(၃၀) ရောင်းချမူ ပုံစံနဲ   လာရောက်ရင်နှီးမူ

ပြုလုပ်မယ်ဆိုရင် တိုက်ခန်း 1 သိန်းခွဲလောက် ဝယ်လိုအား အဆင်သင့်ရှိနေပါတယ်။ကျွန်တော်တို့ဒီလူတွေကို စာရင်းကောက်ထားတယ် အခြေအနေအရ တလကို (၆) သောင်း၊ (၇)သောင်း ပေးနိုင်တဲ့

အခြေအနေမှာ ရှိပါတယ်။ တထိုင်တည်း တလုံးတခဲတည်း ပေးချေနိုင်မှာ မဟုတ်ပါဘူး။ဒီအခြေအနေတခု ဖြစ်လာအောင် ကျွန်တော်တို့ အစိုးရအနေနဲ့ ပြင်ဆင်ကြိုးစားနေပါတယ်။

ဒီအတွက်ရင်းနှီး မြှပ်နှံခြင်းတယ် အာဆီယံ၏ အကြီးဆုံး Company တွေက ဆက်သွယ်ထားပါတယ်။

သူတို ဒီတိုက်ခန်းတွေကို ဆောက်ပေးမယ် အစိုးရအနေနဲ့ စနစ်တကျ ရောင်းပေးမယ်ဆိုရင် လမ်းမဘေးမှာနေနေရတယ် သူတွေဟာ တိုက်တွေပေါ်ကို ရောက်သွားမှာ ဖြစ်ပါတယ်။ဒီအခြေအနေဟာ ကျွန်တော်တို့တနိုင်ငံတွေ ကြုံတွေနေရတာ မဟုတ်ပါဘူး။ အာဆီယံ နိုင်ငံတွေလဲ 50 ခုနှစ်ကာလနဲ့ 70 ခုနှစ် ဝန်းကျင်

ကာလအထိ ဒီအခြေအနေမျိုးတွေ အာဆီယံ နိုင်ငံတွေမှာလဲ ဖြစ်ပေါ်ခဲ့ပါတယ်။ ကျွန်တော်တို့ အနေနဲ့ စနစ်တကျတာ စီမံ ခန်ခွဲနိုင်မယ်ဆိုရင် လူသား အရင်းအမြစ် အတွက် မြင့်တင်ရာ ရောက်သလို့ အိမ်ခြံမြေကဏ္ဍလဲ ဖွံဖြိုးတိုးတတ်လာမှာ ဖြစ်ပါတယ်။

Local News Read 4818 times