လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၁၆ ခုအထိ လက်ခံရရှိထားကြောင်း ယခုလအတွင်း စီစစ်အတည်ပြုပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါသည်။
အဆိုပါအတည်ပြုလျှောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၆ ခုအနက် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် အများဆုံးလာရောက်လျှောက်ထားခြင်းဖြစ်ကြောင်း သိရပါသည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဖွဲ့စည်းတည်ထောင်မှုသည် လက်ရှိအချိန်တွင် ခြောက်လခန့်အထိရှိခဲ့ပြီဖြစ်ကြောင်း၊ ယင်းခြောက်လအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၄၉ ခုအထိ ခွင့်ပြုပေးခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း နှစ်သောင်းကျော်ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် အဆိုပါ ဒေါ်လာ ငါးသန်း ရင်းနှီးမြှုပ်နှံမှုပမာဏရှိသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ တစ်လမှ တစ်လခွဲအတွင်း ပါမစ်ရရှိအောင် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရပါသည်။
Daily Eleven