ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၁၄/၂၀၂၀)ကြိမ်မြောက်အစည်းအဝေးကျင်းပ


28 August, 2020

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်များမှ Video Conferencing စနစ်ကို အသုံး ပြု၍ ပါဝင် ဆွေးနွေး ခဲ့ကြပါသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် Samoa, Seychelles, ဂျပန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း(၅)ခု၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် အိတ်၊ အဝတ်အစားအမျိုးမျိုး၊ Artificial Jewellery၊ Modern Furniture ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ဆန်ကြိတ်ခွဲထုတ်လုပ်ခြင်းလုပ်ငန်း၊ နှမ်းဆီမွှေး၊ နှမ်းဆီနှင့် နှမ်းကွတ်ကီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ဖြစ်ပါသည်။

အတည်ပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀.၆၅၂ သန်းနှင့် မြန်မာကျပ်ငွေ ၆၀၀၀.၀၀ သန်းဖြစ်ပြီး လုပ်ငန်းစုစုပေါင်း (၆)ခုတို့မှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ၁၈၂၈ ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ပါသည်။

ထို့အပြင် အစည်းအဝေးတွင် အထွေထွေကိစ္စရပ်များ တင်ပြလားသည့် ကုမ္ပဏီ (၇)ခုတို့၏ တင်ပြချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ

Investment/Divestment Read 463 times