ရန်ကုန်မြို့သည် ကုန်သွယ်မှုဆိုင်ရာအချက်အချာကောင်းတွေကို ပိုင်ဆိုင်ထားပြီး စီးပွားရေးလုပ်ငန်း အများဆုံးရှိသော နေရာတစ်ခုဖြစ်၍ ထိုအရင်းအမြစ်များကိုအသုံးချပြီး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ဖော်ထုတ်နိုင်ဖို့စီစဉ်နေကြောင်း သိရပါတယ်။
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ၂၀၁၇ ခုနှစ် ခန့်မှန်းလူဦးရေစာရင်းအရ လူဦးရေ ၆ ဒသမ ၂ သန်းရှိပြီး ယင်းတို့အနက် ၆၄ ရာခိုင်နှုန်းမှာ လုပ်သားများဖြစ်သည်။
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ၂၀၁၆ ခုနှစ်တွင် ပြဌာန်းခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ငါးသန်းနှင့်အောက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဆိုင်ရာအတည်ပြုလွှာစိစစ်ခြင်း၊ ဌာနဆိုင်ရာမျာကြား လိုအပ်သလို ပူးပေါင်းဆောင်ရွက်ခြင်းနှင့် အတည်ပြုအမိန့်နှင့် ခွင့်ပြုမိန့်ရပြီးသော စီးပွားရေးလုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲခြင်းစသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် တိုင်ဒးဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ရင်းနှီးမြှုပ်နှံမှုကော်မတီများ ဖွဲ့စည်းကာ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုများ ပြုလုပ်ထားကြောင်း သိရပါသည်။
ရင်းနှီးမြှုပ်နှံမည့်သူများသည် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီနှင့်သာမက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန့်ကြားမှုဦးစီးဌာန ရန်ကုန်ရုံးခွဲနှင့်လည်း ဆက်သွယ်ကာ လိုအပ်သောအချက်အလက်များနှင့် အကြံပြုဆွေးနွေးမှုများကို တောင်းခံနိုင်ကြောင်း သိရပါသည်။
ရန်ကုန်မြို့၌ ရင်းနှီးမြှုပ်နှံရန်စိတ်ဝင်စားနေကြသော နိုင်ငံအများအပြားရှိနေပြီး လက်ရှိတွင် ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနှင့် စင်ကာပူ စသည့်နိုင်ငံများအပြင် အနောက်ဥရောပနိုင်ငံများကလည်း ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုများရှိကြောင်း သိရပါသည်။
Myawaddy