ရန်ကုန်ဈေးကွက်သို့ မိုးကြက်သွန်နီများ ဝင်ရောက်မှုများပြားလာပြီး ဝယ်လိုအား မြင့် တက်လာမှုမရှိ၍ ကြက်သွန်နီဈေးနှုန်းများ ကျဆင်းလာကြောင်း ရန်ကုန်ကြက်သွန်နီဈေး ကွက်မှသိရသည်။ဇန်နဝါရီ ၂၃ရက်က နယ်စုံမှကြက်သွန်နီ ပိဿာချိန်၁၈၀ဝဝဝ ဝင်ရောက်လာပြီး ဆိပ် ဖြူကြက်သွန်နီလက်ကား တစ်ပိဿာ ၂၀ဝ၊ ၅၀ဝ၊ ၆၀ဝ၊ မြင်းခြံ ကျပ် ၂၅၀၊ ၅၅၀၊ ၆၀ဝ၊ မြစ်သား ကျပ် ၈၅၀၊ ၁၁၀ဝ၊ ၁၁၅၀နှုန်း အသီးသီးရှိသည်။
ပခုက္ကူဈေးကွက်တွင် အမြင့်ဆုံးဈေးတစ် ပိဿာ ကျပ် ၅၀ဝအထိ ဈေးကျလာသော် လည်း ရေနံချောင်းဈေးကွက်တွင် ကျပ် ၄၅၀ ဝန်းကျင်၌ ရှိနေသည်။
မှာယူခြင်းမရှိ
နယ်စပ်ကုန်သွယ်ရေးများမှ တစ်ဖက်နိုင်ငံ များသို့ ကြက်သွန်နီတင်ပို့နေသော်လည်း ပင်လယ်ရေကြောင်းခရီးဖြင့် ယခုနှစ်ပိုင်းတင် ပို့မှုနည်းသည်။ ဗီယက်နမ်–မလေးရှားနိုင်ငံ များသို့တင်ပို့ရန် ကြက်သွန်နီနမူနာ တင်ပို့ ထားသော်လည်း ယင်းနိုင်ငံများတွင် ကြက် သွန်နီပိုထွက်နေ၍ မှာယူခြင်းမရှိသေးဟု သိရသည်။
ကြက်သွန်နီ ပြည်ပတင်ပို့မှုများသော အိန္ဒိယနိုင်ငံတွင်လည်း ပြည်တွင်းအထွက်များပြီး ဈေးနှုန်းကျဆင်းနေသဖြင့် ကြက်သွန်နီစိုက်သူများ အကျိုးအမြတ်ရရှိမှုနည်းနေကြသည်။ မိုးကြက်သွန်နီအသစ်ထွက်ပေါ်ချိန် ယခုကာလတွင်နယ်စပ်မှ တရုတ်ကုန်သည် အချို့ ပခုက္ကူဈေးကွက်သို့ လာရောက်ဝယ်ယူမှု ရှိကြောင်းသိရသည်။
ပြည်တွင်းကြက်သွန်နီ ဈေးကျချိန်ဖြစ်သော ကြက်သွန်နီအသစ်ထွက်ပေါ်ချိန် နှစ်ဆန်းလပိုင်းများတွင် တရုတ်နိုင်ငံသို့ ကြက်သွန်နီတင်ပို့မှုရှိသည်။ သို့သော် ပြည်တွင်း ကြက်သွန်နီလှောင်လက်များ၏ ပြည်တွင်း ဈေးကွက်သို့ ထုတ်ရောင်းသည့် နှစ်လယ်နောက် ပိုင်းကာလများတွင် ဖြစ်သင့်သည့်ဈေးနှုန်းထက် ပိုမိုမြင့်တက်နေလျှင် တရုတ်ကြက်သွန်နီ အလုံးကြီးများ ဈေးနှုန်းအနိမ့်ဖြင့် ပြည်တွင်းဈေးကွက်သို့ ဝင်ရောက်လာတတ်သည်။
အာလူးများဝင်ရောက်
ယခုရက်ပိုင်း လွိုင်ကော်အာလူး (အမည်း ရောင်)များ ရန်ကုန်ဈေးကွက်သို့ စတင်ဝင် ရောက်လာရာ အလုံးသေး ဗ၁ အရွယ်အစား တစ်ပိဿာ လက်ကားဈေး ကျပ် ၇၅၀၊ အလုံး ကြီး ၂ အရွယ်အစား ကျပ် ၁၀၅၀ နှုန်းရှိပြီး ဆင်ဖြူကျွန်းအာလူးများ ရန်ကုန်ဈေးကွက်သို့ ဝင်ရောက်လာနိုင်ကြောင်း အာလူးဈေးကွက်မှ သိရသည်။ ပြည်တွင်း အာလူးဈေးကွက်သို့ တရုတ်မှအာလူးများသည် ထုပ်ပိုးမှုပုံစံ အမျိုး မျိုးအဖြစ် အဝါရောင်အိတ်ပိတ်နှင့် အိတ်ဖြူ တို့အပြင် အိတ်အကျဲတို့ဖြင့် ဝင်ရောက်လာ လျက်ရှိသည်။ ယခုရက်ပိုင်းတွင်မူ သစ်သီး ထည့်သည့်စက္ကူပုံးများဖြင့်လည်း ဝင်ရောက်လျက်ရှိသည်။ စက္ကူတစ်ပုံးလျှင် အာလူး ၁၈ ပိဿာဝန်းကျင်ရှိသည်ဟုသိရသည်။ အရွယ်အစားများ ရောနှောပါဝင်နေရာ ရန်ကုန်ဈေးကွက်တွင် တရုတ်အာလူး တစ်ပိဿာ ကျပ် ၉၀ဝ နှုန်းရှိသည်ဟု ရေတမာလမ်း အာလူးပွဲရုံမှ သိရသည်။