မေလ (၉) ရက်နေ့ Novotal Hotel တွင် ကျင်းပပြုလုပ်သည် Yangon Investment Forum 2018 တွင်ရန်ကုန်တိုင်း ဝန်ကြီး ဦးဖြိုးမင်းသိန်းမှ ရန်ကုန်မြို့ရှိ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍအကြောင်းကို ပြောကြားခဲ့သည်။
"မြို့ပြရဲ့စဉ်ဆက်မပြတ်တိုးတက်ရေးကို ကျွန်တော်တို့ဆောင်ရွက်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ ကျွန်တော်တို့ဆောင်ရွက်မည့်လုပ်ငန်းစဉ်အတိုင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ကျွန်တော်တို့ဖြစ်စေနိုင်သောအခြေအနေမျိုးအတွက် လေ့လာဆန်းစစ်မှုတွေကို သေချာဆောင်ရွက်ပြီးမှပဲ ဒီအခြေအနေတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အမှိုက်မီးရှို့တဲ့စနစ်တခုကိုဆောင်ရွက်ဖို့ တိုင်းပြည်ဟာလိုအပ်ပါတယ်
ကျွန်တော်တို့ရန်ကုန်မြို့မှာ တနေ့ကိုအမှိုက်တန်ချိန် ၂၅၀၀ ကနေ ၃၀၀၀ လောက်အမှိုက်ထွက်ပါတယ်
ဒါပေမဲ့ကျွန်တော်တို့အမှိုက်တွေကို ဒိအတိုင်းပစ်နေရတဲ့အခြေအနေတစ်ခုရှိပါတယ် အမှိုက်ကိုစနစ်တကျမီးရှို့ပြီး အမှိုက်ကနေစွမ်းအင်ထုတ်လုပ်မှုအပိုင်းကို ကျွန်တော်တို့ဆောင်ရွက်လို့ရပါတယ်
ဒါပေမဲ့ဒီအခြေအနေတွေကိုဆောင်ရွက်နိုင်ဖို့အတွက်ဆိုလျှင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်တဲ့ နည်းပညာမျိုးတွေနဲ့ မြို့ပြကိုတိုးတက်အောင်ဆောင်ရွက်လို့ရမဲ့အခြေအနေမျိုးဖြစ်ပါတယ်
ဒီလိုစနစ်မျိုးတွေကိုကျွန်တော်တို့စနစ်တကျဆောင်ရွက်သွားမည့်အခြေအနေမျိုးရှိပါတယ် ဥပမာတစ်ခုအနေဖြင့်ပြောပြတာဖြစ်ပါတယ်
ရန်ကုန်မြို့ကြီးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ရင် ကျွန်တော်တို့နောင်အနှစ် ၅၀ လောက်နေလျှင် ရန်ကုန်ဟာဘယ်လိုပုံစံဖြစ်လာမလည်းဆိုတာ ကျွန်တော်တို့အခုအချိန်ကတည်းက မျှော်တွေးထားဖို့လိုပါတယ်
ဒီနေရာမှာ ကျွန်တော်တို့အစိုးရကြီးပဲ ဆောင်ရွက်လို့မရပါဘူး ရင်းနှီးမြှုပ်နှံမှုကိုစိတ်ဝင်စားတဲ့ ကျွန်တော်တို့ရဲ့ပါတနာတွေနဲ့ ပေါင်းစပ်ပြီး ကျွန်တော်တို့ရန်ကုန်မြို့ကို ရှေ့ကိုဘယ်လိုပုံစံမျိုးဖြစ်လာမယ် ဒီဖြစ်လာမည့်အခြေအနေကျရင် ကျွန်တော်တို့အခုကတည်းက ပြင်ဆင်ဆောင်ရွက်မှုတွေကို ဘယ်လိုဆောင်ရွက်ထားမလည်းဆိုတဲ့ အခြေအနေတွေကို ကျွန်တော်တို့စဉ်းစားထားရပါမယ်
နောက်တစ်ချက်အနေဖြင့်ကတော့ ရန်ကုန်မြို့ရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် လျှပ်စစ်နဲစွမ်းအင်ကဏ္ဍသည် အလွန်အရေးကြီးသောကဏ္ဍတစ်ခုမှာ ရှိပါတယ်
စက်မှုလက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်မှုပြည့်ပြည့်၀၀ရစေဖို့ လျှပ်စစ်မီးရရှိရေးဟာလည်းလိုအပ်ပါတယ်
နောက်တစ်ချက်ကတော့ ကွန်တော်တို့အိမ်တွေမှာ လျှပ်စစ်ဖြင့် ချက်ပြုတ်စားသောက်နေသော အခြေအနေတွေမှာရှိပါတယ်
ကျွန်တော်တို့ ဈေးနှုန်းဟာ ထုတ်လုပ်မှုစရိတ်၏အောက်ကို ရောက်နေတဲ့အတွက် လျှပ်စစ်ကနေပြီးတော့ လျှပ်စစ်ကနေထမင်းဟင်းချက်ပြုတ်စားသောက်နေရတဲ့ အခြေအနေတွေမှာရှိပါတယ်
အမှန်တကယ်တော့ လောင်စာဆီကိုမီးရှို့ပြီးမှ လျှပ်စစ်ကိုထုတ်လုပ်ထားတာဖြစ်ပါတယ်
ကျွန်တော်တို့နိုင်ငံမှယခုဖြစ်နေတာက လျှပ်စစ်ဖြစ်ကာမှ လောင်စာအဖြစ်ကိုပြန်ရွေ့သွားတဲ့အခြေအနေကြောင့် စရိတ်ကိုပိုမိုကုန်စေသောအခြေအနေမျိုးမှာ ရှိနေပါတယ်
ဒါကြောင့်စွမ်းအင်ကဏ္ဍမှာ လောက်စာဆီကို စွမ်းအင်အဖြစ်ဖြန့်ချီပေးနိုင်တဲ့ကုမ္ပဏီမျိုးတွေဆိုလျှင် မြန်မာနိုင်ငံဟာ စိတ်ဝင်စားစရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်
ရန်ကုန်မြို့မှာနေတဲ့သူတွေဟာ ဂတ်စ်မီးဖိုကိုသုံးလာမယ်ဆိုလျှင် လျှပ်စစ်ကုန်ကျစရိတ်က သက်သာလာနိုင်ပါတယ်
လျှပ်စစ်ရဲ့စရိတ်ကလည်း နိုင်ငံတော်ကထည့်ဝင်ကျခံနေတာမျိုးမဟုတ်ဘူးဆိုလျှင် ရေရည်မှာ ဘယ်သူကမှ ဈေးကြီးတဲ့လျှပ်စစ်ကို လောင်စာအဖြစ်အသုံးပြုတော့မှာ မဟုတ်ပါဘူး
ထို့ကြောင့်လျှပ်စစ်ဟာ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ပဲဖြစ်စေပြီး ထမင်းဟင်းချက်ပြုတ်တဲ့နေရာမှာတော့ လောင်စာကိုသာသုံးမယ်ဆိုတဲ့အခြေအနေမျိုးကို စဉ်းစားဖို့လိုပါတယ်
ထို့ကြောင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဟာ ကျွန်တော်တို့ရန်ကုန်မြို့ရဲ့ အရေးကြီးသောကဏ္ဍမှာရှိနေတာဖြစ်တယ်
ဧရာဝတီတိုင်း မီးလောင်ချိုင့်နှင့် တနင်္သာရီတိုင်း ထားဝယ်ခရိုင် ကံပေါက်ဒေသမှ သဘာဝဓာတ်ငွေ့အရည်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့် စီမံကိန်းများ ရှိနေတယ်
လျှပ်စစ်ကဏ္ဍတွင် ထုတ်လုပ်ရေးပိုင်း၌သာမက ကြိုးသွယ်တန်းမှုအပိုင်း၊ ဖြန့်ဖြူးရေးအပိုင်းတွင်လည်း ရင်းနှီးမြှုပ်နှံနိုင်ပါတယ်
ဧရာဝတီတိုင်း မီးလောင်ချိုင့်မှ ထုတ်လုပ်မည့် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁,၃၅၀ တွင် ရန်ကုန်တိုင်းက မဂ္ဂါဝပ် ၁,၀၀၀ ရနိုင်ခြင်း၊ တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ကံပေါက်ဒေသမှလည်း မဂ္ဂါဝပ် ၅၀၀ ရရှိနိုင်ခြင်းတို့ကြောင့် လာမည့်နှစ်များတွင် ရန်ကုန်တိုင်းနောက်တစ်ထပ်ခုလောက်စာကိုပင် လျှပ်စစ်မီးပေးနိုင်တော့မှာဖြစ်တယ် "
ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့ကြောင်း သိရပါသည်။
Myanmar Industry Directory