ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့၌ ဇန်နဝါရီ ၂၄ရက်တွင် လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်ကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အများပြည်သူသို့ ယနေ့ဇန်နဝါရီ ၂၂ရက်က အသိပေးထုတ်ပြန်ထားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီဓာတ်အားခွဲရုံများ၌ Distribution Transformer များထိန်းသိမ်းပြုပြင်ခြင်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီဓာတ်အားလိုင်းကြိုးများအားလျှပ်ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များလဲလှယ်ခြင်းများ ဆောင်ရွက်မည်ဖြစ်၍ ဇန်နဝါရီ ၂၄ရက် နံနက် ၉နာရီမှ မွန်းတည့် ၁၂နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်မည်ဖြစ်သည်။
လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်း၊ ဗိုလ်တစ်ထောင်၊ မြောက်ဥက္ကလာပ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊သာကေတ၊ ဒဂုံ(ဆိပ်ကမ်း)၊ ဒဂုံ(တောင်)၊ ဒဂုံ(မြောက်)၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း ၊ဒေါပုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ အလုံ၊ မရမ်းကုန်း၊ လမ်းမတော်၊ ဗဟန်း၊ လှိုင်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊ လှည်းကူး၊ မှော်ဘီ၊ ဖောင်ကြီး၊ ဒါးပိန်၊ အင်းတိုင်၊ မြောင်းတကာ၊ ဥက္ကံ၊ ထန်းတပင်၊ ထောက်ကြန့်၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့၌ အချိန်ပိုင်းဓာတ်အားပြတ်တောက်မည်ဖြစ်သည်။ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ်၍ ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးထုတ်ပြန်ထားသည်။
Myanmar Time