ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ၇ ခုထိ ရှိလာပြီး ထပ်မံဝင်ရောက်ရန်ရှိ


09 January, 2021

ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ၇ ခုထိ ရှိလာခဲ့ပြီး ယခုနှစ်အတွင်း စာရင်းဝင်ကုမ္ပဏီများ ထပ်မံဝင်လာရန် ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

"အခုနှစ်ကတော့ Listed ကုမ္ပဏီက ၃ ၊ ၄ ခုလောက် ဝင်စရာ ရှိပါတယ်။ အဲဒီအတွက်ကို Special Task Force နဲ့ listing department နဲ့ ကြိုတင်ဆွေးနွေးမှုတွေ လုပ်နေတာပေါ့နော် ။ ဒါပေမယ့် ဒီကုမ္ပဏီတွေက COVID-19 ကာလဆိုတော့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်တဲ့ကာလက နည်းနည်း နှောင့်နှေးတာပေါ့။ ဒါပေမယ့်လည်း ၂၀၂၁ မှာတော့ ဝင်ဖို့ ရှိပါတယ်။ ဘယ်နှစ်ခုလဲ ဆိုတာတော့ အတိအကျမပြောနိုင်ဘူး ။ နှစ်ခု ၊ သုံးခုလောက်ကတော့ အလားအလာကောင်းတွေ ရှိနေတာ တွေ့ရပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။


ရန်ကုန်စတော့အိတ်ချိန်း၌ Amata Holding Public Company Ltd သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ခွင့်ပြုချက် ရရှိခဲ့ပြီး ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဆုံး အနေဖြင့် စာရင်းဝင်မည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကုမ္ပဏီ ဖြစ်လာကြောင်း ၊ ရင်းနှီးမြှုပ်နှံသူများအား Listing Date(Trading စတင်မည့်ရက်) နှင့် Basic Price အတွက်ကို ထပ်မံကြေညာပေးသွားမည် ဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရန်ကုန်စတော့အိတ်ချိန်း၌

First Myanmar Investment Public Co.,Ltd.(FMI) ၊

Myanmar Thilawa SEZ Holdings Public Co., Ltd. (MTSH) ၊

Myanmar Citizens Bank Limited (MCB) ၊

First Private Bank Limited (FPB) ၊

TMH Telecom Public Co.,Ltd. (TMH) နှင့်

Ever Flow River Group Public Co., Ltd. (EFR) တို့သည်

အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန် စတော့ အိတ်ချိန်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ၂၀၁၆ ခုနှစ် မတ်လ ၂၅ ရက်တွင် အရောင်းအဝယ် စတင် ပြုလုပ်ခဲ့သည်။

(Xinhua)

 

 

 

ဇန်နဝါရီလ ၈ ရက် ရန်ကုန်စတော့ အိတ်ချိန်းရှယ်ယာ အဖွင့်ဈေးနှုန်းများ
FMI - First Myanmar Investment Public Company Limited
MTSH - Myanmar Thilawa SEZ Holdings Public Co.Ltd.
MCB - Myanmar Citizens Bank Ltd.
FPB - First Private Bank Ltd.
TMH - TMH Telecom Public Co.Ltd.
Ever Flow River Group Public Co., Ltd.
(Source - Yangon Stock Exchange)

136380540_2754380164814476_8944077710839658957_n.jpg

 

 

ဇန်နဝါရီ ၈ ရက် ရန်ကုန်စတော့ အိတ်ချိန်းရှယ်ယာ အပိတ်ဈေးနှုန်းများ
FMI - First Myanmar Investment Public Company Limited
MTSH - Myanmar Thilawa SEZ Holdings Public Co.Ltd.
MCB - Myanmar Citizens Bank Ltd.
FPB - First Private Bank Ltd.
TMH - TMH Telecom Public Co.Ltd.
Ever Flow River Group Public Co., Ltd.
(Source - Yangon Stock Exchange)

 

 

Investment/Divestment Read 431 times