ရန်ကုန်စတော့အိတ်ချိန်းတွင်ဇွန်လအတွင်းစတော့ရှယ်ယာကျပ် ၁ ဒသမ ၅ ဘီလီယံကျော်အရောင်းအဝယ်ဖြစ် ပြီးဈေးကွက်အေးနေကြောင်းသတင်းရရှိသည်။
ယင်းပမာဏသည်မတ်လတွင်ရောင်းချခဲ့ရသည့်ပမာဏ ၁ ဒသမ ၄၈ ဘီလီယံထက်ကျပ်သန်း ၂၀ ကျော်ပိုမိုခဲ့သော်လည်းမေလ၊ ဖေဖော်ဝါရီတို့နှင့်နှိုင်းယှဉ်ပါကထက်ဝက်ကျော်လျော့နည်းခဲ့သည်။
သီလဝါအထူးစီးပွားဇုန်အများပိုင်ကုမ္ပဏီ(MTSH) သည်ဇွန်လအတွင်းရှယ်ယာ ၁၂၀၀၀၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ရှယ်ယာတန်ဖိုးကျပ်သန်း ၄၈၀ ကျော်ဖိုးရှိခဲ့သည်။
ဒုတိယရှယ်ယာတန်ဖိုးအများဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့်ကုမ္ပဏီသည်ပထမပုဂ္ဂလိကဘဏ်ဖြစ်ပြီး ရှယ်ယာတန်ဖိုးကျပ် ၄၆၀ ကျော်အရောင်းအဝယ်ဖြစ်ခဲ့သည်။
ရန်ကုန်စတော့အိတ်ချိန်းတွင်စာရင်းဝင်ကုမ္ပဏီလေးခုအနက် FMI ကုမ္ပဏီ၏ရှယ်ယာသည်မေလ ၃၀ တွင်ရှယ်ယာတစ်စုလျှင်ပေါက်ဈေးကျပ် ၁၅၅၀၀ ရှိသော်လည်းဇွန်လ ၃၀ ရက်တွင် ၁၃၅၀၀ ကျပ်ထိကျဆင်းခဲ့သည်။
MTSH ကုမ္ပဏီသည်မေလ၃၀ရက်တွင်ရှယ်ယာတစ်စုကျပ် ၃၇၅၀ ကျပ်ရှိပြီး ဇွန်လတွင်ကျပ် ၃၈၀၀ ပေါက်ဈေးရှိသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ၂၀၁၆ အတွင်းကျပ်ဘီလီယံ ၇၀ ခန့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၁၇ ဇန်နဝါရီတွင် ကျပ် ၂ ဒသမ ၈ ဘီလီယံ၊ ဖေဖော်ဝါရီတွင်ကျပ် ၃ ဒသမ ၁ ဘီလီယံ၊ မတ်လတွင်ကျပ် ၃ ဒသမ ၄ ဘီလီယံနှင့်ဧပြီတွင် ကျပ် ၁ ဒသမ ၂ ဘီလီယံအရောင်းအဝယ်ဖြစ်ခဲ့သည်။