“Yangon Stock Exchange ရဲ့ဈေးကွက်အခြေအနေနဲ့ ရှေ့အလားအလာ” မှ ကောက်နှုက်ချက်များ


22 October, 2018

မြန်မာနိုင်ငံငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင် (SECM)မှ အဖွဲ့ဝင် ဦးဌေးချွန်က “Yangon Stock Exchange ရဲ့ဈေးကွက်အခြေအနေနဲ့ ရှေ့အလားအလာ” ဆိုတဲ့ ကဏ္ဍအောက်မှာ ပြောသွားတဲ့ အချက်အလတ်တွေ ဖော်ပြပေးလိုက်ပါတယ်။

ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း တစ်ရပ်လုံးကို ဥပဒေ၊စည်းမျဉ်း ၊စည်းကမ်းများနှင့် အညီ ကြီးကြပ်ကွပ်ကဲသည့် အဖွဲအစည်းတစ်ခု ဖြစ်သည်။

ရန်ကုန်စတော့အိက်ချိန်း(YSX)ဆိုသည်မှာ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ခြင်း၊အများနှင့် သက်ဆိုင်သော ကုမ္ပဏီများမှ မိမိတို့ ဆောင်ရွှက်မည့် လုပ်ငန်း စီမံကိန်းများ အတွက် မတည်ရင်းနှီးငွေ စုဆောင်း ရှာဖွေလိုပါက ရန်ကုန်စတော့အိက်ချိန်းတွင် ရှာဖွေစုဆောင်းနိင်သော နေရာတစ်ခု ဖြစ်သည်။

စတော့ဈေးကွက်အတွင်း အများပိုင်ကုမ္ပဏီများအတွက် စတော့ရှယ်ယာရောင်းဝယ်ရေးအတွက် ကြားခံ (Securities Company) များ အဖြစ် MSEC၊ KBZ SC ၊KTzRH SC ၊CB SC ၊UAB SC နှင့်AY Trust SC တို့က ဆောင်ရွှက်နေကြသည်။ အဆိုပါ ငွေချေးသက်သေခံ ကုမ္ပဏီများ အနေနှင့် Under Writer အဖြစ်သာ ဆောင်ရွှက်နိင်သေးပြီး Dealer နှင့် Broker အဖြစ် ဆောင်ရွှက်ခြင်း မရှိသေးချေ။

လက်ရှိ ရန်ကုန် စတော့ အိက်ချိန်းတွင် Listed Company အဖြစ် FMI ၊ MTSH ၊MCB ၊ FPBနှင့် TMH တို့က အများပြည်သူထံ ရှယ်ယာရောင်းချရန် ဈေးကွက်တင်ခြင်းတို့ကို ပြုလုပ်လျှက် ရှိနေပြီး ဂရိက်ဟော်ခမ်း ကုမ္ပဏီ နှင့် အာမတာ ကုမ္ပဏီတို့ကအနေနှင့် ရန်ကုန်စတော့ ဈေးကွက်အတွင်း ဝင်ရောက်ရန် ပြင်ဆင်နေသည်။

KBZ Bank သည် Fund Settlement Bank အဖြစ် ဆောင်ရွှက်ပေးနေသည်။ ရန်ကုန် စတော့ ဈေးကွက်အတွင်း ရှယ်ယာရောင်းဝယ်ရန် အကောင့်ဖွင့်ထားသည့် လူ၊အဖွဲ့အစည်းပေါင်း(၃၆၀၀၀)ခန့် ရှိပြီး ယင်းတို့ ထဲမှ (၁၅)ရာခိုင်နူန်းခန့်သာ အရောင်းအဝယ် ပြုလုပ်နေကြသဖြင့် (၅၂)သန်းခန့် ရှိသော မြန်မာနိုင်ငံလူဦးရေ အချိုးအစားနှင့် ယဉ်လျှင် လွန်စွာ နည်းပါးနေသေးသည်။

အာဆီယံတွင် ဘရူးနိုင်း နိုင်ငံမှ လွဲ၍ ကျန်နိုင်ငံ အားလုံးနီးပါးတွင် စတော့ဈေးကွက် တည်ရှိနေပြီး သက်တမ်းအားဖြင့် ကြာမြင့်နေပြီ ဖြစ်သည့်အတွက် အောင်မြင်ပြီးသော ဈေးကွက်များ အဖြစ် ထွက်ပေါ်လာနေသည်။ မြန်မာနိုင်ငံ ၏ ပထမဆုံး ရန်ကုန်စတော့ဈေးကွက်အခြေအနေမှာ နှစ်နှစ်ခွဲခန့်သာ ရှိသေးသည့် အတွက် သက်တမ်းအားဖြင့် နုငယ်သေးကာ တိုးတက်လာသည် ဟု ဆိုသော်လည်း အားရကျေနပ်လောက်သည့် အခြေအနေ မဟုက်သေးချေ။

အစုရှယ်ယာ စတင်ရောင်းဝယ်ခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လ မှ ၂၀၁၈ ခုနှစ် စက်တင်ဘာလအထိ အရောင်းအဝယ် ဖြစ်ခဲ့သည့် အစုရှယ်ယာ အရေအတွက်မှာ (၉.၃၄)သန်း ရှိပြီး တန်ဖိုးအားဖြင့် ကျပ်(၁၁၃.၁၀)ဘီလီယံ ရှိသည်။
မကြာခင် Initial Public Offering (IPO)ဖြင့် စာရင်းဝင်လာမည့် အများပိုင် ကုမ္ပဏီ(၃)ခုခန့် ရှိပြီး အများပိုင်ကုမ္ပဏီ(၄၀)ခန့်မှာ စာရင်းဝင်ရန် အလားအလာရှိနေသည်။

စတော့ဈေးကွက် ကျယ်ကျယ်ပြန့်ပြန့် မတိုးတက်လာရသေးသည့် အချက်မှာ စတော့ဈေးကွက် နှင့် ပါတ်သက်သည့် အသိပညာ အားနည်းနေသေးသည့် အချက် ဖြစ်ပြီး IFC ကဲ့သို့ အဖွဲအစည်းများ၊ ဂျပန် စတော့ဈေးကွက်၊ ထိုင်းစတော့ ဈေးကွက်မှ တာဝန်ရှိသူများ နှင့် ပူးပေါင်းကာ ပညာပေးသည့် လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွှက်ရန် ပြင်ဆင်နေသည်။

bandapost

Local News Tips Read 624 times