ရန်ကုန်မြို့တွင် နေ့စဉ်ထွက်ရှိသော အမှိုက်တန်ချိန် များပြားလာသဖြင့် မနိုင်မနင်းဖြစ်နေ


23 July, 2018

ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက်ပျမ်းမျ တန်ချိန် ၂၅၀၀ အထိ ထွက်ရှိနေ၍ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ရန်ကုန်မြို့တော် စည်ပည်သာယာရေးကော်မတီဝင် ဒေါ်သန်းမြင့်အောင်က ပြောခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကာ်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက နေ့စဉ်သိမ်းဆည်းနေရသော အမှိုက်တွေအားလုံးသည် တစ်နေ့ကို ပျမ်းမျအားဖြင့် တန် ၂၅၀၀ ခန့်ရှိကြောင်း သိရသည်။

ပျမ်းမျအားဖြင့်ဆိုသည်မှာ အမှိုက်များ၏ သဘာဝကိုက ပစ္စည်းရဲ့သိပ်သည်းဆ ပူပြင်းခြောက်သွေ့လျှင် ပေါ့ပါးပြီး စိုစွတ်လျှင် လေးလံသောကြောင့်ဖြစ်သည်။

ထို့ကြောင့် ပူပြင်းတဲ့ရာသီတွင် အမှိုက်တန်ချိန် ၂၂၀၀ ကနေ ၂၄၀၀ လောက်ထွက်ရှိပြီး ယခုလိုစိုစွတ်တဲ့ရာသီတွင် တန်ချိန် ၂၆၀၀ ကနေ ၂၇၀၀ လောက်အထိ ထွက်ရှိတယ်လို့ သိရသည်။

အဆိုပါအရေအတွက်သည် ယခင်နှစ်များက နေ့စဉ်ထွက်ရှိသော ပျမ်းမျအမှိုက်တန်ချိန် ၂၀၀၀ ထက် များပြားလျက်ရှိသည်။လူတစ်ယောက်လျှင် တစ်ရက် အမှိုက် သုည ဒသမ ၄၁၃ ကီလိုဂရမ် ထွက်ရှိကြောင်း သိရသည်။

အမှိုက်များ ထွက်သင့်သည်ထက် ပိုမိုထွက်နေသည့်တွက် နောက်ဆုံးစွန့်ပစ်သည့် အမှိုက်ပုံကြီးသည် ကျယ်ပြန့်လာပြီး သန့်ရှင်းရေးဌာနမှ သိမ်းယူမှု မနိုင်ခြင်းသည် အဓိကစိန်ခေါ်မှုဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ဌာနပေါင်း ၂၀ ရှိသည့်အနက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနက အလုပ်အများဆုံးဌာနထဲတွင် ပါဝင်သည်။

အမှိုက်သိမ်းဝန်ထမ်း အရေအတွက်သည် သောင်းဂဏန်းသာရှိသောကြောင့် အမှိုက်များကို သိမ်း၍မနိုင်အောင် အလွန်များပြားနေကြောင်း သိရသည်။

ရပ်ကွက်တွေထဲတွင် ခေါင်းလောင်းတီးစနစ် အမှိုက်ကားများဖြင့် လည်းကောင်း၊ လှည်းများဖြင့်လည်းကောင်း၊ အိမ်ပေါ်အထိ လိုက်လံသိမ်းဆည်းနေကြောင်း သိရသည်။

သို့သော်လည်း အဓိကပြဿနာမှာ ပြည်သူတွေဆီမှ အမှိုက်ထွက်သင့်တာထက်ပိုမိုထွက်နေသောကြောင့် အမှိုက်သိမ်းဆည်းမှုမှာ မနိုင်မနင်းဖြစ်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

Eleven

Local News Read 471 times