YGEA က ရွှေကုန်သည်များ သိရှိရန် အချက် (၇) ချက်ထုတ်ပြန်


31 May, 2022

 YGEA က ရွှေကုန်သည်များ သိရှိရန် အချက် (၇) ချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေကုန်သည်များ သိရှိရန် အချက် (၇) ချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 



(၁) ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်။

(၂)မီးလင်းရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများလိုင်စင်ပြုလုပ်ထားကြရန်။

(၃)Socieal Media Application များ (Online)များမှတစ်ဆင့် ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်ထားခြင်းမရှိသော အရောင်းအဝယ်ပြုလုပ်သူများအား အရေးယူရန်။

(၄)မီးလင်းရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်နေသောရွှေဆိုင်များသည်  မီးလင်းရွှေအတုံးအခဲစာရင်းများ တိကျမှန်ကန်စွာ စာရင်းပြုစုထားရှိရန်။

(၅)ရွှေအရောင်းအဝယ် စာရင်းဇယားများကို တိကျမှန်ကန်စွာ ဖြည့်စွက်ပေးရန်။

(၆)ရွှေမှောင်ခိုဈေးကွက် ပပျောက်စေရန်နှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေအရောင်းအဝယ်ကိစ္စများကို အသင်းရုံးခန်းအတွင်းမှအပ မည်သည့်နေရာတွင်မဆို အရောင်းအဝယ် ပြုလုပ်ခြင်းများလုံးဝမပြုလုပ်ကြရန် ၊ လက်ငင်းအရောင်းအဝယ်သာ ပြုလုပ်ကြရန် နှင့် စာရင်းပေး၊ သတင်းပေးပို့ခြင်း မရှိဘဲ နယ်စပ် ဖြတ်‌ကျော် အရောင်းအဝယ်ပြုလုပ်ခြင်းများကို မပြုလုပ်ကြရန်။

(၇)အထက်ပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသောပုဂ္ဂိုလ်များ နှင့် ဆိုင်များအားတည်ဆဲ ဥပဒေ အရအရေးယူဆောင်ရွက်သွားမည်။


မီးလင်းရွှေအတုံးအခဲ လိုင်စင်အတွက် ထောက်ခံစာ YGEA အသင်းရုံးတွင်  ရယူနိုင်

မီးလင်းရွှေ အတုံး/အခဲ ရောင်းဝယ်ရာတွင် စည်ပင် လိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ ရွှေအတုံး/အခဲလိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် YGEA ၏ ထောက်ခံစာကို အမှတ် ၄၂/၅၀ ပထမထပ် ရွှေဘုံသာလမ်း (အောက်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ တွင် တည်ရှိသော  ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အသင်းရုံးတွင်  ရုံးချိန်အတွင်း လာရောက် ရယူနိုင်ကြောင်း အသိပေး ကြေညာထားပါသည်။
 

Banking & Loan Read 749 times