ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ် အစီရင်ခံစာ ကောက်နုတ်ချက်


16 September, 2018

စိတ်ဝင်စားမှု ရေချိန်မြင့်မားနေသည့် ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှသယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ပတ်သက်သော အခြင်းအရာ အချက်အလက်များကို ကောက်နုတ်တင်ပြပေးထားပါသည်။

● ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေများဖြင့် ဆောင်ရွက်ခဲ့သော တိုက်ကြီး -ဥတု-ချောင်းသုံးခွ-အဖျောက်လမ်းပေါ်ရှိ ဒုံဗျိုက်တံတား တည်ဆောက်ရေးလုပ်ငန်းတွင် တွက်ချက်မှု မှားယွင်းသဖြင့် ကျပ် ၈၂.၆၂၆သန်းနှင့် အင်းလန်တံတား တည်ဆောက်ရေး လုပ်ငန်းတွင် ကျပ်၂.၃၂၇ သန်း ပြန်လည်ပေးသွင်း စေခဲ့

● ၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်ယာဉ်ကြောပိတ်ဆို့မှု ရှင်းလင်း ရန်ခေတ်မီ မီးအချက်ပြ စနစ်တပ်ဆင်ခြင်းနှင့် ထိန်းချုပ်ရေးစင်တာ တည်ဆောက်ခြင်း

လုပ်ငန်းအတွက် တင်ဒါအောင်မြင်သည့်ကုမ္ပဏီ Myanmar Shwe Ying International Co,ltd & China Railway 21 Bureau Group Co,ltd (China) နှင့် တန်ဖိုး ကျပ်၁၈.၉၃၈ဘီလီယံဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ခဲ့ရာ ယနေ့အချိန်အထိ ဒဏ်ကြေး ကျပ်၂၁.ဝဝဝသန်းရရှိထားပြီးဖြစ်သော်လည်း ဒဏ်ကြေးဆက်လက်ပေးဆောင်ထားမှု မရှိခြင်းနှင့် လုပ်ငန်း ပြီးစီးမှုမရှိသေး ကြောင်း တွေ့ရှိ

● အဖွဲ့အစည်းများတွင်ရင်းနှီးငွေအဖြစ်

ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT) တွင် ကျပ် ၃၅ ဘီလီယံစီ ထည့်ဝင်ရင်းနှီးထားသဖြင့် ခရီးသည်တင်ယာဉ် သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီများတွင် စုစုပေါင်း ထည့်ဝင်မှုမှာ ကျပ် ၇၀ ဘီလီယံ

● တစ်စီးလျှင် ကျပ်သိန်း၇၇၀နှုန်းဖြင့် ဘတ်စ်ကား အစီး ၁,၀၀၀ ဝယ်ယူခြင်း၊

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်ဘတ်(စ်)ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမီတက်အမည် ဖြင့် တရုတ်နိုင်ငံထုတ် ဘတ်(စ်)ကား အသစ် အစီး ( ၁၀၀၀ ) အား ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် တရုတ်နိုင်ငံအစိုးရတို့ အချင်းချင်း ညှိနှိုင်းချက်အရ တစ်စီးလျှင် ကျပ်၇၇,ဝဝဝ သန်း နှုန်းဖြင့်ဝယ်ယူခဲ့

ရန်ကုန်တိုင်းဒေသကြီးအစိုးရထည့်ဝင်ငွေ ကျပ် ၇၀ ဘီလီယံဖြင့် လုံလောက်မှုမရှိသဖြင့် ဧရာဝတီဘဏ်မှ ကျပ် ၈ ဘီလီယံ ထပ်မံ ချေးငှါး၍ ဝယ်ယူခဲ့သည့် ဘတ်(စ်)ကား အစီး (၁၀၀၀)အား ရန်ကုန်ဘတ်(စ်)ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် YBPCနှင့် ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင် ကုမ္ပဏီလီမိတက် YUPT တို့ အစီး (၅၀၀)စီ ခွဲဝေရယူ၍ မော်တော်ယာဉ် ဝယ်ယူ ခဲ့သည့် ငွေကြေး တန်ဖိုး ကျပ် ၇၀ ဘီလီယံ နှင့် ချေးယူခဲ့သည့် ကျပ် ၈ ဘီလီယံ စုစုပေါင်း ၇၈ ဘီလီယံအား ခွဲဝေတာဝန်ယူကြောင်း တွေ့ရှိ

ဆက်လက်၍ ရန်ကုန်ဘတ်(စ်)ကားအများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YBPC) နှင့် ရန်ကုန်မြို့ပြ အများပြည်သူသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက် (YUPT)တို့နှင့် ပတ်သက်၍ စစ်ဆေးတွေ့ရှိချက်အချို့ကို ကောက်နုတ်တင်ပြပေးထားပါသည်။

● အဆိုပါ ကုမ္ပဏီလီမိတက် နှစ်ခုတို့၏ ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်အတွက် စာရင်းများကို ပြင်ပစာရင်းစစ်များက စစ်ဆေး အတည်ပြုထားကြောင်း နှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွက်ပြင်ပစာရင်းစစ်အဖွဲ့ ဖြင့် စစ်ဆေးမှုမရှိသေးကြောင်းသိရှိရ

စစ်ဆေးအတည်ပြု ထားသည့် ဘဏ္ဍာရေးရှင်းတမ်းများနှင့် သက်ဆိုင်ရာ ကုမ္ပဏီများမှ တင်ပြသည့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အတွက် နှစ်ချုပ်စာရင်းများအရ

● ရန်ကုန်ဘတ်(စ်)ကားအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမီတက် (YBPC) သည်

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၄၉.၃၄၄ သန်း၊

၂၀၁၆၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ကျပ် ၁၀၉၂.၅၂၀ သန်း၊

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၉၃၈.၉၃၉ သန်း အရှုံးဖြစ်ပေါ်ခဲ့

● ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီလီမိတက် (YUPT)သည်

၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် ကျပ် ၂၅.၅၄၁ သန်း အမြတ်ရခဲ့

၂၀၁၇-၂၀၁၈ခုဘဏ္ဍာရေးနှစ် တွင် ကျပ် ၆၀၃.ဝ၇၉ သန်း အရှုံးပေါ်ခဲ့

● ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ထည့်ဝင်ရင်းနှီးမြှုပ်နှံငွေများ ဖြင့် ဆောင်ရွက်နေ

သောYBPC နှင့် YUPT ကုမ္ပဏီ (၂)ခုတို့၏ လုပ်ငန်းဆောင်ရွက်ချက်များသည် အများပြည်သူ သွားလာမှုအဆင်ပြေစေရေးအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသောကြောင့် Social profit ရရှိ

● ယာဉ်အသစ်များအရင်း မကျေမီကာလတွင် ငွေကြေးအကျိုးအမြတ်များ ရရှိမှုမရှိသေးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရင်းနှီးမြှုပ်နှံမှုများအပေါ် ငွေကြေးအကျိုး အမြတ်ရရှိမှု မရှိသေး

● ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် အဖွဲ့ဝင် (၁၉) ဦးပါဝင်သည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA) အား ဖွဲ့စည်း၍ ၁၆-၁-၂၀၁၇ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့

● ၂၀၁၈ခုနှစ် မေလစာရင်းအရ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က ရင်းနှီးငွေ ထည့်ဝင်ထားသည့် အများပိုင် ကုမ္ပဏီ (၂) ခု အပါအဝင် ယာဉ်လိုင်း ကုမ္ပဏီ (၂၅) ခုသည် မော်တော်ယာဉ် စုစုပေါင်း ၆,၂၇၂စီး ဖြင့် ယာဉ်လိုင်းပေါင်း (၁၁၉) လိုင်း သတ်မှတ်ပြီး နေ့စဉ်ပြေးဆွဲနေကြောင်းတွေ့ရှိရ

● YRTA မှ

နေ့စဉ် ပြေးဆွဲလျက်ရှိသည့် ယာဉ်လိုင်းများမှ ပြေးဆွဲသည့်မော်တော်ယာဉ်

တစ်စီးလျှင် တစ်နေ့ ကျပ်၄၀၀၀နှုန်း၊ (စီးရေ ၆၀၀၀ ကျော်ထံမှ တစ်နေ့ သိန်း ၂၄၀ ကျော်)

အဝေးပြေးယာဉ်လိုင်းများမှ ပြေးဆွဲသည့် မော်တော် ယာဉ် ထိုင်ခုံနေရာ ၆၀ % အပေါ် ၂ % ကောက်ခံမှု နှင့်

City Taxi များ နှစ်စဉ်မှတ်ပုံတင်ရာတွင် တစ်စီးလျှင် တစ်နှစ် ကျပ် ၃,၀၀၀ နှုန်း

သတ်မှတ်ကောက်ခံ

● YRTA လုပ်ငန်းစတင်သည့်နေ့ ၁၆-၁-၂၀၁၇ မှ ၃၁-၃-၂၀၁၈ နေ့ထိ YRTA မှ တင်ပြသည့် စာရင်းများအရ ရငွေ ကျပ် ၄၃၇.၉၇၅ သန်း၊ အသုံးစရိတ်ကျပ် ၁၈၂၅.၅၉၅ သန်း သုံးစွဲခဲ့

● ယခင် မထသမှ လွှဲပြောင်းရယူခဲ့သည့် ငွေများထဲမှ ကျပ် ၄,၉၉၉ ဘီလီယံ ထုတ်ယူ၍

ကမ္ဘောဇဘဏ်မှ ချေးငွေ ကျပ် ၅.၅ ဘီလီယံ စုစုပေါင်း ကျပ် ၁၀,၅၀၀ ဘီလီယံ ဖြင့် ကျောင်းကားအစီး(၂၀၀) အား G To G စနစ်ဖြင့် ကိုရီးယား နိုင်ငံ Posco Daewoo Co,Ltd မှ ဝယ်ယူခဲ့

Laws and Regulations Local News Read 528 times