တောင်သူကြီးလယ်ထွန်စက်ကုမ္ပဏီမှရိုးမဘဏ်နှင့်ချိတ်ဆက်၍လယ်ယာသုံးစက်ကိရိယာဖြစ်သည့်နယူးဟော်လန်စက်များကိုငါးနှစ်အရစ်ကျရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
၂၀၁၇ ခုနှစ်သြဂုတ်လဆန်းမှစတင်၍နယူးဟော်လန်ထွန်စက်များဖြစ်သည့် TT4.90 နှင့် TD 95ကိုငါးနှစ်အရစ်ကျရောင်းချသွားမည်ဖြစ်ကြောင်းတောင်သူကြီးလယ်ထွန်စက်၊အရောင်းဌာနမှအရောင်းတာဝန်ခံမှပြောသည်။
အဓိကတောင်သူများအဆင်ပြေစေရန်ရည်ရွယ်ပြီးလုပ်ခြင်းဖြစ်ပြီးနှစ်များများနှင့်အရစ်ကျဆိုတော့ပိုကောင်း ပါသည်။
တောင်သူများအတွက်လည်းပိုအဆင်ပြေသွားပြီးဝယ်ယူချင်သည့်တောင်သူများအနေဖြင့်လည်း တောင်သူကြီးလယ်ထွန်စက်ကုမ္ပဏီမှအစအဆုံးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားထားပါသည်။
တောင်သူကြီးလယ်ထွန်စက်ကုမ္ပဏီမှအိန္ဒိယနိုင်ငံထုတ်မြင်းကောင်ရေ ၉၀ နယူးဟော်လန်စက်ဖြစ်သည့် TT4.90 နှင့်တူရကီနိုင်ငံထုတ်မြင်းကောင်ရေ ၉၈ နယူးဟော်လန်စက်ဖြစ်သည့် TD 95 များကိုအရစ်ကျစနစ်ဖြင့် ဝယ်ယူလိုပါကစက်တန်ဖိုး၏ကနဦးငွေကို ၁၀ ရာခိုင်နှုန်းပေးသွင်းရမည်ဖြစ်ပြီးကျန်ငွေများကို ၆ လတစ်ကြိမ်ဖြင့် ၅ နှစ်အတွင်းပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
ဝယ်ယူချင်သည့်တောင်သူများအနေဖြင့်တောင်သူကြီးလယ်ထွန်စက်ကုမ္ပဏီဖုန်းနံပါတ်ဖြစ်သည့် 01-687002၊ 01-687003၊01-687881ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရပါသည်။
Source:pissaya