ရန်ကုန် စတော့အိပ်ချိန်းတွင် ကုမ္ပဏီ တစ်ခုထပ်တိုး


14 January, 2021

ဟိုတယ်နှင့် spa လုပ်ကိုင်လျက် ရှိသော Amata Holding Pcl သည် ရန်ကုန်စတော့အိတ်ချိန်းတွင်စာရင်းဝင်သည့် သတ္တမမြောက်ကုမ္ပဏီဖြစ်လာသည် ရန်ကုန်စတော့အိပ်ချိန်းသည် ကမ္ဘာပေါ်တွင် အသေးဆုံး စတော့အိပ်ချိန်း တစ်ခု ဖြစ်ပြီး ယခုလို ကုမ္ပဏီ တစ်ခု ထပ်တိုးသဖြင့် အနည်းငယ် ပိုကြီးသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
Amata Holding Pcl သည် ပြည်တွင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံသူများအား ရှယ်ယာများ ရောင်းချရန် အစီအစဉ် ရှိသည်။ ယခု သုံးလပတ်အကုန်တွင် စတင်ရောင်းချရန် လျာထားသည်ဟု Amata ၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးဝင်းအောင်က BLOOMBERG သတင်းမီီယာကို ပြောသည်။
Amata သည် ငပလီပင်လယ်ကမ်းခြေ၊ ပုဂံ၊ အင်းလေးကန်တို့တွင် တန်းမြင့်ဟိုတယ်များ လုပ်ကိုင်လျက် ရှိသည်။ ရှယ်ယာများ ထုတ်ရောင်းပြီးသောအခါ ရလာသည့် အရင်းအနှီးကို ဘတ်ဂျက်ဟိုတယ်များ လုပ်ကိုင်ဆောင်ရွက်ရန် သုံးစွဲမည်ဟု သိရသည်။

တန်ဖိုးသင့်ဟိုတယ်များကို လာမဉ့် သုံးနှစ်အတွင်း အနည်းဆုံး လေးခု ဖွင့်လှစ်လုပ်ကိုင်သွားမည်ဟု ဦးဝင်းအောင်က အသိပေးပြောကြားသည်။

industrialdirectory.com.mm

fortune.com

 

Investment/Divestment Read 485 times